နှစ်သစ်ကို ကြိုဆိုခြင်း
၂၀၁၄ ကို
ရှမ်းပြည်တောင်ပိုင်း လင်းခေးမှာ
ကျွန်တော့် ဝန်ထမ်းတွေနဲ့
ကြိုခဲ့တယ် .....
၂၀၁၅ ကို
အခု ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမှာ
ရုံးမိသားစုတွေနဲ့
ကြိုကြမယ် .....
တစ်နှစ် ကုန်ပြန်ပြီ
အသက်လည်း တစ်နှစ်ကြီးလာပြီ
ဘာတွေကို
ဘယ်နေရာမှာ
ချန်ထားခဲ့မှာလဲ ....
ဘယ်နေရာ ရောက်ရောက်
ဘယ်အချိန် ရှိရှိ
ဘယ်သူတွေနဲ့ တွေ့တွေ့
ဘာတွေဘဲ ကြုံကြုံ
အကောင်းဆုံးတွေကို
မရခဲ့ရင်တောင်မှ
ကိုယ်လုပ်ခဲ့သမျှ
အားလုံးအတွက်
ကောင်းတာလေး
အနည်းဆုံးတစ်ခုတော့
ထားရစ်၊ ကျန်ရစ်အောင်
ကြိုးစားနေရမှာပါ ....
လူသားဆန်တဲ့အသိနဲ့
လူသားရဲ့နှလုံးသားနဲ့
အားလုံးကို
ကောင်းကွက်လေး တစ်ခုလောက်ကို
တစ်နှစ်မှာ ချန်ထားခဲ့ပါတယ်လို့
တွေးရင်းနဲ့
ရန်လိုခြင်း၊ မနာလိုခြင်း၊ မုန်းတီးခြင်းများ ကင်းဝေးသော
ငြိမ်းချမ်းသော ကမ္ဘာမြေပေါ်မှာ
မျှတသော နှလုံးသားနဲ့ ရှင်သန်နိုင်ကြပါစေ။
သတိယနေသော ဒဿနစာစုများ
လားရှိုးမြို့
၃၁.၁၂.၂၀၁၄ ဗုဒ္ဓဟူးနေ့
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ယာယီတာဝရမ်း Temporary Injunction တရားမကျင့်ထုံး ဥပဒေ အမိန့် ၃၉ ယာယီတားဝရမ်းအား တရားမကြီးမှုတွင် လျှောက်ထားလာပါက ထိုအမှုတွင်သာ ဆောင်ရ...
No comments:
Post a Comment