Tuesday, December 9, 2014

အပြစ်ကျ အကျဉ်းသားတစ်ဦးအား နောက်ထပ်ပြစ်ဒဏ်ချမှတ်လေသောအခါ


အစဉ်အလိုက် ဖြစ်သော ပြစ်ဒဏ်စီရင်ချက်များ

တရားရုံးများလက်စွဲ အပိုဒ် ၇၀၇
ထောင်ဒဏ်ကျခံလျက် ရှိသော အကျဉ်းသားတစ်ဦးအပေါ်တွင်၌ ထောင်ဒဏ်တစ်ရပ် ချမှတ်သောအခါ

နောက်ချမှတ်သည့်ထောင်ဒဏ်မှာ အထက်က ချမှတ်ထားသည့်ထောင်ဒဏ်နှင့် တစ်ပြိုင်နက် တည်း ကျခံစေရမည်ဟု တရားရုံးက ဆင့်ဆိုသည်မဟုတ်လျှင် ထောင်ဒဏ်ကာလအသစ်မှာ ထိုသူ ကျခံနေဆဲဖြစ်သည့် ထောင်ဒဏ်ကာလ စေ့ကုန်ပြီးမှ အစပြုရမည် သို့မဟုတ် သို့ဖြစ်၍ တရားခံ တစ်ဦးတည်းနှင့် စပ်လျဉ်း၍ ထုတ်ဆင့်သော နောက်ဝရမ်းစာ အသီးသီးတွင် ယခင်အမှုအမှတ် ------- တွင် ချမှတ်သည့် ပြစ်ဒဏ်စီရင်ချက် (နှင့် တစ်ပြိုင်နက်တည်း/ တစ်ပေါင်းတည်းကျခံစေရန် သို့မဟုတ် စေ့ကုန်ပြီးမှ အစပြုရန်/ သီးခြားစီ ကျခံစေရန်) ဟု ရှင်းလင်းပြတ်သားစွာ (ခေါင်းစဉ်တပ်) မှတ်ချက် အား ထင်ရှားစွာ ရေးသားရမည်။

ပညာသင် ပညာပေး ပညာမျှဝေ ပညာပြ သွားသော ဆရာအားလုံးကို အောက်မေ့ဦးထိပ်ထား၍
ကာယ၊ ဝဇီ၊ မနော ဆရာ သုံးပါး ဦးထိပ်ပန်ဆင် ကန်တော့လျက်

မေ့လျော့နေသော မှတ်စုတိုများ
လားရှိုးမြို့
၉.၁၂.၂၀၁၄ တနင်္လာနေ့ ၀၉း၀၀

No comments:

Post a Comment

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ