သင်္ခါရတရား
ကျွန်တော်
မနေ့က သတင်းဆိုးတစ်ခု ကြားခဲ့ရတယ် ...
ပြောင်းလာခဲ့တဲ့ မြို့လေးက
ခရိုင်အဆင့် သစ်တောကြီးကို
လမ်းမှာ ချုံခိုတိုက်ခိုက်ခံရတာ
ကွယ်လွန်သွားပြီး
အလောင်းကို မနည်းပြန်ရအောင်
ကြိုးစားနေရတယ် ....
ကျွန်တော်တို့ အရပ်သားဝန်ထမ်းတွေဟာ
အဖြူရောင်၊ အညိုရောင်၊ အနက်ရောင်
ဘာအရောင်ပဲဖြစ်ဖြစ်
တာဝန်ထမ်းကြရင်
ခရီးသွားလာရတယ် ....
ငြင်းဆိုခွင့် ရွေးချယ်ခွင့် ဆိုတာထက်
တာဝန်ကို ဦးထိပ်ပန်ဆင်ရတယ် .......
လူသားတွေဘဲဗျာ
အသက်ကို ချစ်တတ်တာပေါ့
မိသားစုကို ချစ်တတ်တာပေါ့
ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်တာပေါ့
တာဝန်ဆိုတာနဲ့
ပြည်သူ့ဝန်ထမ်းဆိုတာ
နေရာမရွေး အချိန်မရွေး
ဆောင်ရွက်တဲ့အခါ
ဒီလိုဘဲ
လူမသိ သူမသိတဲ့
နေရာလေးတစ်ခုမှာ
ကွယ်လွန်တတ်တယ် .....
တရားသဘောကို
မလွန်ဆန်နိုင်ပေမဲ့
သေရမဲ့ နေရာ
ရွေးချယ်ပိုင်ခွင့် မရှိ ....
ုကိုယ့်ရုပ်အလောင်းကို ဘယ်နေရာမှာ
ဆိုတာကို မသိနိုင်တဲ့အခါ
အားလုံးဟာ
သင်္ခါရတရားကို ရင်ဝယ်ထားပြီး
အမျှဝေ လိုက်ပါတယ် ....
သူတစ်ပါးကို ကူညီတတ် ...
စတတ် နောက်တတ်တဲ့
ကျွန်တော့်အစ်ကိုကြီးတစ်ယောက်
ရောက်လေရာ ဘုံဋ္ဌာနကနေ
အမျှရလို့
သာဓု ခေါ်နိုင်ပါစေဗျား
ဝေမျှလိုသော ဒဿနများ
လားရှိုးမြို့
၂၉.၁၂.၂၀၁၄ တနင်္လာနေ့ ၀၉း၀၀
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ယာယီတာဝရမ်း Temporary Injunction တရားမကျင့်ထုံး ဥပဒေ အမိန့် ၃၉ ယာယီတားဝရမ်းအား တရားမကြီးမှုတွင် လျှောက်ထားလာပါက ထိုအမှုတွင်သာ ဆောင်ရ...
No comments:
Post a Comment