ယာယီတာဝရမ်း Temporary Injunction
တရားမကျင့်ထုံး ဥပဒေ အမိန့် ၃၉
ယာယီတားဝရမ်းအား
တရားမကြီးမှုတွင် လျှောက်ထားလာပါက ထိုအမှုတွင်သာ ဆောင်ရွက် ရန်သာဖြစ်ပြီး
တရားမအထွေထွေမှု ဖွင့်လှစ်ဆောင်ရွက်ရန်မဟုတ်ပေ။
တရားရုံးများလက်စွဲ အပိုဒ် ၂၈၄
ခံဝန်ချုပ်အား
သီးခြားပုံစံမရှိသောကြောင့် တရားမကျင့်ထုံး ဥပဒေ ပုဒ်မ- ၁၅၁ အရ ဆောင်ရွက်ရန် ဖြစ်သည်။
ယာယီတားဝရမ်း
ထုတ်ဆင့်ရာတွင် အခြေခံရမည့်အချက် ၄ ချက်
ဦးတင်မြင့်
နှင့် ဦးစိုးတင့် ၁၉၇၉ ခု၊ မတစ စာ ၄၀
ဦးတင့်ဆွေ
ပါ ၂ နှင့် ဒေါ်အမာ ၁၉၈၅ ခု၊ မတစ စာ ၆၄
တရားမကျင့်ထုံး
ဥပဒေ အမိန့် ၃၉၊ နည်း ၃ အရ
အကြောင်းကြားစာ ထုတ်ခြင်းဖြင့် အဟောသိကံ ဖြစ်မည်ဆိုပါက အကြောင်းကြားစာ မထုတ်ဘဲ ယာယီဝရမ်းထုတ်ပေးနိုင်သည်။ သို့မဟုတ်ပါက
အကြောင်းကြားစာ အရင်ထုတ်ရန်လိုသည်။
ဦးထွန်းမြင့်
နှင့် ဦးသက်ရှည် ၁၉၆၆ ခု၊ မတစ စာ ၁၅၇၄
ယာယီတားဝရမ်းကို
အမှုသည်အပေါ်သာ ထုတ်နိုင်သည်။
အခြားသူအပေါ် ထုတ်ခွင့်မရှိ။
ဦးမောင်ကြီး
နှင့် ဒေါ်ခင်စန်းမြင့် ၁၉၇၅ ခု၊ မတစ စာ ၇၂
ဦးကျော်ဇော
ပါ ၂ နှင့် ဦးခင်မောင်ဗိုလ် ၁၉၈၂ ခု၊ မတစ စာ ၁
သီးခြားသက်သာခွင့်
အက်ဥပဒေအရ ထုတ်ဆင့်သော အမြဲတမ်းတားဝရမ်းသည်
ယာယီတားဝရမ်း နှင့် အခြေခံအားဖြင့် တစ်သဘောတည်းဖြစ်သည်။
နူးအားမက်
နှင့် ဦးထွန်းမောင် ၁၉၆၂ ခု၊ မတစ စာ ၄၄၃
အငြင်းပွားသောပစ္စည်းမရှိက ယာယီတားဝရမ်း ထုတ်ပေးရန်မလို။
ဒေါ်အေးအေးကြိုင်
နှင့် ဒေါ်သိန်းဆွေ ၁၉၉၁ ခု၊ မတစ ၁၅၀
ကုန်အမှတ်တံဆိပ်
အတုပြုလုပ်ခြင်းကို တားမြစ်ရန်အတွက်
ယာယီတားဝရမ်းထုတ်ပေးသင့်သည်။
ဦးတင်လတ်
နှင့် ဦးကျော်ငြိမ်း ၂၀၀၁ ခု၊ မတစ စာ ၂၁၆
ယာယီတားဝရမ်း
ဖောက်ဖျက်မှုဖြင့် တရားမကျင့်ထုံးဥပဒေ
အမိန့် ၃၉၊ နည်း ၂(၁) နှင့် (၄) တို့ အရ အရေးယူရန်ကိစ္စမှာ ဇာရီမှုတွင် ဆောင်ရွက်ခြင်းမပြုနိုင်၊ တရားမအထွေထွေမှု ဖွင့်လှစ် ဆောင်ရွက်မှသာ နည်းလမ်းမှန်ကန်မည်ဖြစ်သည်။
ဒေါ်ရင်ရင်နှင့်
ဦးလှသောင်း ပါ ၄ ၊ ၁၉၉၇ ခု၊ မတစ စာ ၁၀၄
ယေဘုယျရေးသားထားသော မှတ်စုတိုများဖြစ်ပါသည်။
အတိအကျ သေသေချာချာ လေ့လာတတ်ရန် လမ်းညွှန်မျှသာ ....
ပညာသင်
ပညာပေး ပညာမျှဝေ ပညာပြ သွားသော ဆရာအားလုံးကို အောက်မေ့ဦးထိပ်ထား၍
ကာယ၊
ဝဇီ၊ မနော ဆရာ သုံးပါး ဦးထိပ်ပန်ဆင် ကန်တော့လျက်
မေ့လျော့နေသော
မှတ်စုတိုများ
လားရှိုးမြို့
၁၅.၁၂.၂၀၁၄
တနင်္လာနေ့ ၀၉း၀၀
No comments:
Post a Comment