ဂန့်ဂေါတောသို့ ဆယ်စုနှစ်နှစ်ခုကျော်အလွမ်း
၁၉၈၅ ခု ဒီဇင်ဘာလ
တက္ကသီလာ မြကျွန်းသာ ဆိုတဲ့
ဂန့်ဂေါတောကို
ငါ ရောက်ခဲ့တယ် ...
နယ်ပေါင်းစုံက
သူငယ်ချင်း
ဖြူမဲ တိုရှည် ပိန်ဝတဲ့
စရိုက်ပေါင်းစုံနဲ့
ကျောင်းတော်မှာ ပျော်ခဲ့ဖူးတယ် .....
တစ်နေ့က
မာလာဆောင် နဲ့ သီရိဆောင်
ပြန်ဖွင့်ပြီဆိုလို့
ရေးချင်စိတ်လေး ပြန်ရောက်လာတယ် .....
အသက်မကြီးသေးရင်
ငါတို့ရဲ့ကွဲကွာနေတဲ့ သူငယ်ချင်များနဲ့
ညဖက် ပြည်လမ်းပေါ်ကနေ
ဂစ်တာလေးနဲ့ အော်ချင်နေတုန်းဘဲ ......
သစ်ပုတ်ပင် နဲ့ ဂျပ်ဆင်
ကွန်ဘုတ်ကတော့
အရင်လိုပါဘဲ
RC လေးကတော့
ဦးထုတ်ဆောင်းထားသလိုဘဲ ...........
သစ်ပင်ကြီးတွေက
၁၉၉၁ မှာ လူတွေက ရှင်းပစ်တာ တစ်ခါ
၂၀၀၇ နာဂစ်မှာ တစ်ခါ
ပျောက်သလောက်ဘဲ ............
ငါတို့ရဲ့
ရာမညဆောင်လေးကရော
နေကောင်းရဲ့လားဆိုပြီး
တစ်ခါလောက် သွားကြည့်ချင်သေးတယ် ......
သူငယ်ချင်းတွေလည်း
တစ်မြို့ တစ်နယ်
တစ်နိုင်ငံ တစ်ကမ္ဘာခြား
ကွဲတဲ့သူ ကွဲ၊ သေတဲ့လူ သေ၊
ပျောက်တဲ့သူ ပျောက် .....
အတန်းဖော် ၂၀၀ နီးနီးမှာ
ဘယ်လောက် သုံးပုံ နှစ်ပုံ လောက်တော့ ရှိဦးမှာပါ ......
အခုတော့
ထူးချွန်ကျောင်းသားလေးတွေနဲ့
အရင်လို
အဓိပဓိလမ်းနဲ့ တို့များရဲ့ခြေရာများတွေ ......
ပျော်တုန်းဘဲလား
ရှင်သန်သေးရဲ့လား
တက္ကသီလာရေ
၁၉၈၅-၁၉၉၃ အမှတ်တယများ
လားရှိုးမြို့
၁၁.၁၂.၂၀၁၄၊ ကြာသပတေးနေ့၊ ၀၉း၀၀
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ယာယီတာဝရမ်း Temporary Injunction တရားမကျင့်ထုံး ဥပဒေ အမိန့် ၃၉ ယာယီတားဝရမ်းအား တရားမကြီးမှုတွင် လျှောက်ထားလာပါက ထိုအမှုတွင်သာ ဆောင်ရ...
No comments:
Post a Comment