Tuesday, December 30, 2014
နှစ်ဦးနှစ်ဖက် မှားယွင်းသဘောတူညီချက်ကြောင့် ...
ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၂၀
သဘောတူညီချက်တွင်တွင် ပါဝင်သည့် နှစ်ဦးနှစ်ဖက်သည် သဘောတူညီချက်နှင့်စပ်လျဉ်း၍
အရေးပါသော အကြောင်းခြင်းရာကို မှားယွင်းကြလျှင် ထိုသဘောတူညီချက်သည် ပျက်ပြယ်ကြောင်း
ပြဋ္ဌာန်းထားသည်
သဘောတူညီချက်သည်
မှားယွင်းမှုကြောင့် ပျက်ပြယ်သော သဘောတူညီချက်ဖြစ်ရန်
(၁) မှားယွင်းမှုသည် အကြောင်းခြင်းရာနှင့် ပတ်သတ်ရမည်။
(၂) ထိုမှားယွင်းမှုသည် သဘောတူသည့် အချိန်တွင် ဖြစ်ရမည်။
(၃) သဘောတူသူ နှစ်ဦးစလုံးက မှားယွင်းခြင်းဖြစ်ရမည်။
(၄) ထိုမှားယွင်းမှုသည် သဘောတူညီမှုနှင့်စပ်လျဉ်းသည့် အရေးပါသော
အကြောင်းခြင်းရာ ဖြစ်ရမည်။
သဘောတူညီချက် ပျက်ပြယ်ရန်အတွက် သဘောတူညီမှုနှင့်စပ်လျဉ်းသည့်
အရေးပါသောအကြောင်းခြင်းရာကို နှစ်ဖက်စလုံးက မှားယွင်းကြသည်သာမက
ယင်းမှားယွင်းမှုသည် သဘောတူကြစဉ်အချိန်က တည်ရှိသော မှားယွင်းမှုဖြစ်ရန်လိုသည်။
ဒေါ်ထု နှင့် ရှာရှောက်ယုံ (ခ) ဦးဇော်ဝင်း ပါ၂ (၂၀၁၀ ပြည့်နှစ်၊ မတစ၊ ၁၃၀)
ကျွန်တော်တို့ စာချုပ်တွေ အများကြီးချုပ်နေကြရာမှာ ဒီလိုကိစ္စတွေ ရှိနေခဲ့ပေမယ့်
နားမလည်တာကြောင့် အမျိုးမျိုး ဒုက္ခတွေ ကြုံနေရတာကို သတိယလို့ပါ ....
မျှဝေလိုသော မှတ်စုတိုများ
လားရှိုးမြို့
၃၀.၁၂.၂၀၁၄ ရက်နေ့၊ အင်္ဂါနေ့ ၀၉း၀၀
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ပြစ်ချက်ဟောင်း တွဲ၍စွဲဆိုလျှင် (ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၇၅) ပြစ်ချက်ဟောင်းတွဲရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၁ နှင့်အညီ တရားရံ...
No comments:
Post a Comment