Monday, December 1, 2014
ပြစ်မှု တစ်ရပ်အတွက် .....
ပြစ်မှုတစ်ရပ်အတွက် နှစ်ကြိမ်ပြစ်ဒဏ် စီရင်ခြင်း မပြုနိုင်
ရည်ညွန်းချက်။ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၇၁
မိုးဝင်း ပါ ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် (၂၀၀၀ ပြည့်နှစ်၊ မတစ၊ စာ- ၁၂၃)
ထပ်မံဆုံးဖြတ်ချက်။ တရားခံများကို မူလရုံးက ပြ့စ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂(၁) (ဂ) အရ ပြစ်ဒဏ် အပြင် ပုဒ်မ ၃၇၆ အရ ပြစ်ဒဏ်ပါ ချမှတ်သည်။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၇၁ ၏ပြဌာန်းချက်အရလည်း တရားခံတစ်ဦးအား ပြစ်မှုတစ်ရပ်အတွက် နှစ်ကြိမ်ပြစ်ဒဏ် စီရင်ခြင်း မပြုနိုင်ပေ။ ထို့ကြောင့် ပုဒ်မ ၃၇၆ အရ ချမှတ်ထားသည့် တစ်သက်တစ်ကျွန်းဒဏ် အသီးသီးကို ပယ်ဖျက်လိုက်သည်။
မူလမှု ကျူးလွန်စဉ် လူသတ်ခြင်းမှာ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂(၁)(ဂ) တွင် အကျူံး ဝင်သဖြင့် မူလရုံးက ချမှတ်ထားသည့် သေဒဏ်အမိန့်ကို အတည်ပြုသည်။
မှတ်သားမိသော ဆရာများ၏ မှတ်စုတိုမှ
လားရှိုးမြို့
၁.၁၂.၂၀၁၄ တနင်္လာနေ့
ချိုမြိန်သော ဒီဇင်ဘာအမှတ်တယများသို့
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ယာယီတာဝရမ်း Temporary Injunction တရားမကျင့်ထုံး ဥပဒေ အမိန့် ၃၉ ယာယီတားဝရမ်းအား တရားမကြီးမှုတွင် လျှောက်ထားလာပါက ထိုအမှုတွင်သာ ဆောင်ရ...
No comments:
Post a Comment