Friday, December 12, 2014

မျှတခြင်း နဲ့ တရားမျှတခြင်း

မျှတခြင်း (Equiltiy) နဲ့ တရားမျှတခြင်း (Justice)

တစ်ခါက
ဆယ်စုနှစ် နှစ်ခုကျော်က
အင်းဝဆောင်ရဲ့ညနက်တစ်ခုမှာ
သူငယ်ချင်းများနဲ့
ဒီခေါင်းစဉ် နှစ်ခုကို ဆွေးနွေးကြတယ်။

အားကစားပွဲတစ်ခု
ဥပမာ တင်းနစ်၊ စားပွဲတင်တင်းနစ်
နောက်ပိုင်း ပိုက်ကျော်ခြင်းလိုပေါ့
ကိုယ်မှားရင်လည်း သူက မှန်ရင်လည်း
ကိုယ်က တစ်မှတ်ပေးရသလို
ကိုယ်မှန်ရင်လည်း သူမှားရင်လည်း
ကိုယ်က တစ်မှတ်ရသလိုပေါ့

မျှတပါတယ် ဆိုတာကို
ဘာပေတံနဲ့ တိုင်းတာမှာလဲ ....
တရားမျှတပါတယ် ဆိုတာကို
ဘာသတ်မှတ်ချက် စံညွန်းနဲ့ တိုင်းတာမှာလဲ .....

ဥပဒေ ဆိုတာလည်း
တားမြစ်တာကို ဖောက်ဖျက်ရင်
အပြစ်ဒဏ်ခံရသလို
လုပ်ရမဲ့ ဥပဒေအရ တာဝန်ကို မလုပ်ရင်လည်း
အပြစ်ဒဏ်ခံရမှာပဲ .....

လောကကြီးမှာ
မျှတခြင်း နှင့် တရားမျှတခြင်းဟာ
ဒွန်တွဲနေသလို
ကွဲကွာ ခွဲခွာတဲ့ အချိန်တွေ
ရှိနေပါတယ် ....

မျှတပါတယ်ဆိုတဲ့ လူတွေဟာ
စိတ်ကောင်းရှိရဲ့လား .....
လူကောင်းဖြစ်ကြလား ......
တရားမျှတပါတယ် ဆိုတဲ့ လောကဟာလည်း
မှန်ရဲ့လား .....
မျှတရဲ့လား ....
လောကကြီးနဲ့ရော လိုက်လျောညီထွေ
ပုံစံမှန်ရဲ့လား .....

ကိုယ်တို့ လမ်းညွှန်ဆောင်ပုဒ် တစ်ခုလိုပေါ့
That is to say ....
Justice is not only be done  but be seen. တဲ့

ူကျွန်တော်ကတော့ ပြင်လိုက်ချင်တာက
ဲThat is so say .....
Justice is not only be done and said on the face
but only be seen on bottom of heart of mankind.

တစ်ခြားသူတွေကိုလည်း မေးချင်ပါတယ် .....

အမှန် မျှတခြင်း နဲ့ တရားမျှတခြင်း ရဲ့အနက်ကို .......


ဝေမျှလိုသော အတိတ်က ဒဿနဟောင်းလေးတစ်ခု

လားရှိုးမြို့
၁၂.၁၂.၂၀၁၄ သောကြာနေ့


No comments:

Post a Comment

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ