Monday, December 8, 2014

မသမာ မလိုမုန်းထား ပြစ်မှုကြောင်းဖြင့် တရားစွဲခံရလေသောအခါ


မလိုတမာ ပြစ်မှုကြောင်းအရ တရားစွဲခံရ၍ ကုစားခွင့် တောင်းလေသောအခါ
မသမာစိတ်ဖြင့် အာဃာတထားပြီး တရားစွဲဆိုသောအခါ ပြစ်မှုကြောင်းအရ အရေးယူရန် တိုင်တန်းကြောင်း အထင်အရှား ပြသရန်လိုသည်။ တမင်သက်သက် သူတစ်ပါးအား နှိပ်စက်လို၍ စွဲဆိုသည်ဟု ယူဆရန် အကြောင်းတစ်စုံတစ်ရာမျှ မတွေ့ရပေ။ မသမာစိတ် မရှိလျှင် လျော်ကြေး ရခွင့် ရှိမည်မဟုတ်ပေ။
ဒေါ်ခင်မိ နှင့် ဒေါ်နီလာလူ ပါ ၃ ၁၉၉၅ ခုနှစ်၊ မတစ စာ ၂၄
မသမာသောစိတ် သို့မဟုတ် မလိုမုန်းထားသော စိတ်ဖြင့် တင်ပြလျှောက်ထားခြင်း မဟုတ်၍ အယူခံတရားလိုက အယူခံတရားပြိုင်ကို လျော်ကြေးပေးရန် တာဝန်မရှိ။
ဒေါ်ဆွေရိမ် နှင့် ဒေါ်လှလှစိုး ၂၀၀၁ ခု၊ မတစ စာ ၁၇၇
မသမာစိတ်ဖြင့် တရားစွဲဆိုခြင်းမြောက်ရန် အောက်ပါအချက်များဖြင့် ပြည့်စုံရန် လိုပေသည် -
          က။  တရားပြိုင်က တရားလိုကို ပြစ်မှုကြောင်းအရ စွဲဆိုခြင်း။
          ခ။   ယင်းအမှုတွင် တရားလိုကို အသာပေး ဆုံးဖြတ်ခဲ့ခြင်း။
          ဂ။   တရားပြိုင် စွဲဆိုသောပြစ်မှုသည် အခြေအမြစ် မရှိခြင်း။
          ဃ။ တရားပြိုင်သည် မသမာစိတ် သို့မဟုတ် မလိုမုန်းထားစိတ်ဖြင့် စွဲဆိုခြင်း။
          င ။ တရားလိုတွင် နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ခြင်း။
ဒေါ်မိမိကျော် နှင့် ဒေါ်နန်းအေးအေး ၁၉၉၅ ခု၊ မတစ စာ ၉၇

ကာယ၊ ဝဇီ၊ မနော ဆရာ သုံးပါး ဦးထိပ်ပန်ဆင် ကန်တော့လျက်

ပညာသင် ပညာပေး ပညာပြ ခဲ့သော ဆရာများသို့
မေ့လျော့နေသော မှတ်စုတိုများ
လားရှိုးမြို့
၈.၁၂.၂၀၁၄ တနင်္လာနေ့ ၁၅း၀၀

No comments:

Post a Comment

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ