Tuesday, December 16, 2014

ဓလေ့များ ပြဋ္ဌာန်းဥပဒေနှင့် ဆန့်ကျင်လေသော်


ပြဋ္ဌာန်းဥပဒေ နှင့် ဓလေ့ထုံးတမ်း

ပြဋ္ဌာန်းဥပဒေ နှင့် ဓလေ့ထုံးတမ်းဥပဒေများ ဆန့်ကျင်လာပါက အစိုးရက ပြဋ္ဌာန်း အတည်ပြုသည့် ဥပဒေများကို သာလျှင် လိုက်နာရမည်ဖြစ်ပေမည်။  ဤပြဿနာကို မြန်မာ့တရားစီရင်ရေးသမိုင်းတွင်
ပြဋ္ဌာန်းဥပဒေများကို လိုက်နာစေသော အင်္ဂလိပ်ဥပဒေစနစ် စတင်အသက်သွင်းချိန် ၁၈၇၅ ခုနှစ်က
လမ်းညွှန်ထားသည်ကို တွေ့ရှိနိုင်သည်။

Mi Pai vs Mi Tu (Selected Judgments page 51, 1875)

စဉ်းစားရန်အချက်
     ယခုလက်ရှိ ဓလေ့ထုံးတမ်းဥပဒေများသည် လက်ရှိ ၂၀၀၈ ခု၊ ဖွဲ့စည်းပုံဥပဒေနှင့် ကိုက်ညီရန်
လိုအပ်ပေသည်။ ထိုအခြေခံဥပဒေနှင့် မကိုက်ညီပါက မည်သို့ လိုက်နာဆုံးဖြတ်ရမည်ကို တောင်းဆို
စွဲဆိုမှု၊ တရားစွဲဆိုတင်ပို့မှု မတွေ့ရသေးပေ။


ပညာသင် ပညာပေး ပညာမျှဝေ ပညာပြ သွားသော ဆရာအားလုံးကို အောက်မေ့ဦးထိပ်ထား၍
ကာယ၊ ဝဇီ၊ မနော ဆရာ သုံးပါး ဦးထိပ်ပန်ဆင် ကန်တော့လျက်

ငြင်းခုံ ဆွေးနွေးလိုသော မှတ်စုတိုများ

လားရှိုးမြို့
၁၆.၁၂.၂၀၁၄   အင်္ဂါနေ့  ၀၉း၀၀

No comments:

Post a Comment

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ