ပြစ်ချက်ဟောင်း တွဲ၍စွဲဆိုလျှင် (ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၇၅)
ပြစ်ချက်ဟောင်းတွဲရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၁ နှင့်အညီ တရားရုံး၏ စီရင်ချက်
သို့မဟုတ် အမိန့်မိတ္တူမှန် ကောက်နှုတ်ချက် သို့တည်းမဟုတ် ထောင်တာဝန်ခံအရာရှိ၏ ပြစ်ဒဏ်ကျခံပြီး
ကြောင်း ထောင်ချဝရမ်းတို့ကို အမှုတွဲတွင် တစ်ပါတည်း ပူးတွဲတင်ပြရန် လိုအပ်သည်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၁ နှင့် အညီ သက်ဆိုင်သော စာရွက်စာတမ်းများ ပါရှိခြင်းမရှိက
ပြစ်ချက်ဟောင်း တွဲ၍မရသဖြင့် ပြစ်ဒဏ်ချမှတ်၍ မရကြောင်းဖြင့် အောက်ပါ စီရင်ထုံးတွင် ထုံးဖွဲ့ထားသည်။
မောင်ပါ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ
၁၉၆၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံးများ (တရားရုံးချုပ်) စာမျက်နှာ ၄၇
မေ့မရပါသော ဥပဒေပညာနှင့် တရားရေးရာပညာသင်ကြားခဲ့သော
သင်မြင်ကြား စာအုပ်လက်ဆောင်ပေး မှတ်စုတိုရေးတတ်အောင်
လမ်းပြခဲ့သော ဆရာ့ ဆရာများအားလုံးအား ထာဝရဂါရဝ ဦးခိုက်လျက်
လားရှိုးမြို့
၃၁.၃.၂၀၁၅ အင်္ဂါနေ့
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ယာယီတာဝရမ်း Temporary Injunction တရားမကျင့်ထုံး ဥပဒေ အမိန့် ၃၉ ယာယီတားဝရမ်းအား တရားမကြီးမှုတွင် လျှောက်ထားလာပါက ထိုအမှုတွင်သာ ဆောင်ရ...
No comments:
Post a Comment