ပထမသတင်းပေးတိုင်တန်းချက်နှင့် သက်သေခံတန်ဖိုး
၁။
ပထမသတင်းပေးတိုင်တန်းချက်သည် ကျမ်းသစ္စာပြုထားသော ထွက်ချက်မဟုတ်ပေ၊ ပြန်လှန်မေးခွန်း
ထုတ်ရန်လည်း အခွင့်အရေးမရသည့်တိုင်ချက် မှတ်တမ်းတစ်ခုဖြစ်၍ အခြေခံအထောက်အထားအဖြစ် အသုံးမပြုနိုင်ချေ။
ရုံးရှေ့ထွက်ဆိုချက်ကို သက်သေခံအက်ဥပဒေ ပုဒ်မ ၁၅၇ အရ ထောက်ခံသည့် အနေဖြင့်လည်းကောင်း၊
ယင်းဥပဒေ ပုဒ်မ ၁၄၅ အရ ဆန့်ကျင်သည့် အနေဖြင့်လည်းကောင်း အသုံးပြုနိုင်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံ
နှင့် ဝင်းမင်း (ခ ) ညီညီ (ခ ) ဝင်စတန်ခင်မောင်ကြီး
၁၉၉၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံစီရင်ထုံး
စာမျက်နှာ ၁၂၁
၂။
ပထမသတင်းပေးချက်သည် သတင်းပေးသူ၏ ထွက်ချက်ကိုသာ ထောက်ခံသည့်အနေဖြင့် အသုံးပြု ရမည်။
အခြား သက်သေတို့၏ ထွက်ချက်များကို ထောက်ခံသည့် သက်သေ အထောက်အထားအဖြစ် အသုံးမပြုနိုင်ပေ။
မောင်တင်လှိုင် နှင့်
ပြည်ထောင်စုမြန်မာနိုင်ငံ
၁၉၆၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံစီရင်ထုံး
စာမျက်နှာ ၆၅၄
သင်မြင်ကြား ဆရာသုံးလီ ရှိခိုးပါ၏
မမေ့လျော့သင့်သော မှတ်စုတိုများ
၂၄.၃.၂၀၁၅ အင်္ဂါနေ့
လားရှိုးမြို့
No comments:
Post a Comment