သက်သေပြရန်တာဝန်နှင့် ပြစ်မှုအင်္ဂါရပ်
တစ်ဦးတစ်ယောက်က ၄င်းတွင်တာဝန်ရှိပါသည်ဟု ဆိုကာမျှနှင့် ၄င်းအပေါ် ရာဇဝတ်ကြောင်းအရ အရေးယူရန် ခိုင်လုံသည်ဟု မမှတ်ယူသင့်၊ ရာဇဝတ်မှု ကျူးလွန်ကြောင်း စွဲဆိုရာတွင် မည်သည့်
တာဝန်ရှိ၍ ယင်းတာဝန် ပျက်ကွက်ခြင်းကြောင့် မည်သည့်ပြစ်မှုမြောက်ကြောင်းကို ယင်းပြစ်မှု
ဖြစ်စေမည့် အင်္ဂါစုံလင်အောင် တင်ပြသက်သေထူရာတွင် တရားလိုဖက်တွင် တာဝန်ရှိသည်။
မောင်ဟန်စိုး နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ
၁၉၇၀ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံးများ (အထူးရာဇ၀တ်အယူခံတရားရုံး) စာမျက်နှာ ၆
ပြစ်မှုဆိုင်ရာအမှုများတွင် တိုင်တန်းသူသည် စွဲချက်တင်နိုင်လောက်သည့် အထောက်အထား တင်ပြရန်
တာဝန်ရှိသည်။ စွပ်စွဲရုံမျှဖြင့် မပြီးပေ။ တရားရုံးများကလည်း စွဲချက်တင်နိုင်လောက်သည့် ငြိစွန်းချက်
ရှိ မရှိ သုံးသပ်ရမည်။
မခင်ရှီ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (ဒေါ်အောင်ကြည်)
၁၉၇၉ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံးများ စာမျက်နှာ၄၁
အထူးရာဇဝတ်အယူတရားရုံးများစီရင်ထုံးစာအုပ်ပေးခဲ့သော
ဆရာတစ်ဦးသို့ မှတ်မှတ်ယယ သတိယနေသော ရင်တွင်းတမ်းချင်း စကားသံဟောင်းများ
လားရှိုျးြမို့
၂၆.၃.၂၀၁၅ ကြာသပတေးနေ့
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ယာယီတာဝရမ်း Temporary Injunction တရားမကျင့်ထုံး ဥပဒေ အမိန့် ၃၉ ယာယီတားဝရမ်းအား တရားမကြီးမှုတွင် လျှောက်ထားလာပါက ထိုအမှုတွင်သာ ဆောင်ရ...
No comments:
Post a Comment