ရဲထံအစစ်ခံချက် နှင့် သက်သေခံတန်ဖိုး
၁။
အမှုစစ်ဆေးရာ၌ အမှုစစ်ရဲအရာရှိထံ စုံထောက်စစ်ဆေးစဉ်က ပြောဆိုခဲ့သောထွက်ချက်များကို သက်သေခံအက်ဥပဒေ
ပုဒ်မ ၁၄၅ အရ သက်သေ၏ထွက်ချက်သည် ရှေ့နောက်မညီကြောင်း ပြဆိုရန် အတွက် မေးမြန်းသည့်အခါတွင်လည်းကောင်း၊
ယင်းဥပဒေ ပုဒ်မ ၁၅၅ အရ သက်သေအား မယုံကြည် ထိုက်ောကာင်း ဖော်ပြရန်အတွက် မေးမြန်းသည့်အခါတွင်လည်းကောင်း၊
အသုံးပြုနိုင်သည်မှအပ အမှု စစ်ဆေးရာ၌ သက်သေခံအဖြစ် အသုံးမပြုနိုင်ကြောင်းဖြင့် ပြစ်မှုဆိုင်ရာ
ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၂ တွင် ပြဌာန်းထားသည်။
ဦးစိန်ထွန်း နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ
၁၉၈၀ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံစီရင်ထုံး
စာမျက်နှာ ၁၃
၂။
သက်သေ၏ ရဲအရာရှိရှေ့အစစ်ခံချက်သည် အမှုစစ်သောရုံးတော်က အမှုတွင် ထည့်သွင်းစဉ်းစားနိုင်
သော သက်သေအစစ်ခံချက်မဟုတ်။ ထိုသက်သေ၏ အစစ်ခံချက်ကို ယုံကြည်ထိုက် မယုံကြည်ထိုက် သို့မဟုတ်
တန်ဖိုးမည်မျှ ရှိသည် မရှိသည်ကို ချိန်ဆနိုင်ရန်သာဖြစ်သည်။ ရဲထံနှင့် ရုံးရှေ့ထွက်ဆိုချက်
မည်သည့် အစစ်ခံချက်က မှန်သနည်းမေးသောအခါ သက်သေက ရဲအရာရှိထံ အစစ်ခံခဲ့သော အစစ်ခံချက်
မှန်ပါသည်ဟု ထွက်ဆိုလျှင် ထိုမှန်ကန်သည် ဆိုသော ရဲအစစ်ခံချက်သည် ပုဒ်မ ၁၆၂ တွင် တားမြစ်ထား
သော ရဲအစစ်ခံချက် မဟုတ်တော့ဘဲ ထိုသက်သေက ရုံးရှေ့ကိုယ်တိုင် အစစ်ခံသော အစစ်ခံချက်အခြေသို့
ရောက်နေ၍ အစစ်ခံချက်များကို အမှုစစ်ဆေးရာ၌ ထည့်သွင်းစဉ်းစားနိုင်သည်။
ချစ်လှိုင်၊ ချစ်နိုင်၊
သိန်းအောင် ပါ ၂၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ
၁၉၅၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံစီရင်ထုံး
စာမျက်နှာ (တရားလွှတ်တော်) ၅၈၂
သင်မြင်ကြား ဆရာသုံးလီ ရှိခိုးပါ၏
မမေ့လျော့သင့်သော မှတ်စုတိုများ
၂၄.၃.၂၀၁၅ အင်္ဂါနေ့
လားရှိုးမြို့
၃။
သက်သေထွက်ချက်ကို ချိန်ဆရာ၌ သက်သေအရေအတွက်ထက် သက်သေအရည်အသွေးက အရေး ကြီးသည်။ သက်သေခံအက်ဥပဒေ
ပုဒ်မ ၁၃၄ အရလည်း အကြောင်းခြင်းရာတစ်ရပ်ကို အထင်အရှား ဖြစ် စေရန် သက်သေများ၏ သက်သေခံချက်
မည်၍မည်မျှ ရှိရမည်ဟု ကန့်သတ်ချက်မရှိကြောင်း ပြဌာန်းထား သည်။ သက်သေတစ်ဦးတည်း၏ ထွက်ဆိုချက်သည်
အမှုအခြေအနေအရပ်ရပ်အရ ယံကြည်ထိုက်လျှင် ယင်းသက်သေ၏ ထွက်ချက်ကို လက်ခံပြီး အဆုံးအဖြတ်
ပေးနိုင်သည်။
မောင်ဝင်းမောင် နှင့်
ပြည်ထောင်စုမြန်မာနိုင်ငံ
၁၉၇၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံစီရင်ထုံး
စာမျက်နှာ ၁၀၆
No comments:
Post a Comment