Friday, March 13, 2015

တရားခံအဖြစ် အစစ်ခံသော သက်သေခံတန်ဖိုး

တရားခံအဖြစ် တရားခံတစ်ဦးက ရုံးရှေ့ထွက်ဆိုလျှင်

ရည်ညွှန်းချက်။        ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၄၂ (၁) (၂) (၃)

ပြစ်မှုတစ်ရပ်ရပ်ဖြင့် စွဲဆိုခြင်းခံရသူသည် ၄င်းတစ်ဦးတည်းဖြစ်စေ၊ ပူးတွဲ၍ဖြစ်စေ အဆိုပါပြစ်မှုနှင့်
သက်ဆိုင်သည့် မည်သည့်စုံစမ်းမှု သို့မဟုတ် စစ်ဆေးစီရင်မှု အတွက်မဆို မိမိအတွက် အရည်အချင်း
ရှိသော သက်သေတစ်ဦးဖြစ်စေရမည်။

       ထိုပြင် ယင်းသက်သေခံချက်ကို ၄င်းနှင့်အတူ ပူးတွဲစစ်ဆေး စီရင်ခြင်းခံရသူ / သူများအပေါ် ဆန့်ကျင်ပြီး အသုံးပြုနိုင်သည်။ သို့ရာတွင် ယင်းပုဒ်မခွဲ (၁) ပါ ခြွင်းချက်များကို လိုက်နာရမည်။

``  တရားခံတစ်ဦး၏ ဖြေကြားချက်သည်  ကျမ်းဖြင့် အစစ်ခံခြင်းမဟုတ်သဖြင့် တန်ဖိုးမရှိဟု
အထူးရာဇဝတ်ရုံးက မှတ်ချက်ပြုခဲ့သည်။ ကျမ်းဖြင့် အစစ်ခံလျှင် တရားလိုဖက်က ပြန်လှန် စစ်မေးနိုင်သည်။
ထိုသို့ မေးခွန်းထုတ်ခွင့် ရရှိလျှင် ဖြေကြားချက်သည် ပိုမိုလေးနက်မည် မှန်၏။ သို့ရာတွင်
ထိုဖြေကြားချက်ကို လုံးဝတန်ဖိုးမထားရ ဟူ၍ မယူဆနိုင်။ အချက်အလက်များနှင့် ပေါင်းစပ်၍
ထည့်သွင်း စဉ်းစားနိုင်သော ဆီလျော်သည့် အကြောင်းအချက်တစ်ရပ် ဖြစ်သည်။ ``

ဒေါ်ဦး ပါ ၃ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် 
၁၉၆၇ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး (အထူးရာဇဝတ်အယူခံရုံး)၊ စာမျက်နှာ၄၉

ဝေဝါးနေသော မှတ်စုတိုများမှ

အောင်ဆန်း ၇ မှ ထာဝရ ဂုရုဆရာများသို့ အမှတ်တယတမ်းချင်းများ

လားရှိုးမြို့
၁၃.၃.၂၀၁၅ ရက်နေ့၊ သောကြာနေ့

No comments:

Post a Comment

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ