ဒီဆောင်ပုဒ်လေး
ကျွန်တော် ငယ်ငယ်က
အရှင်ဇနကာဘိဝံသရဲ့ တရားစာအုပ်လေးကို
ဖတ်ရင်းနဲ့
စိတ်ကောင်းရှိဖို့က ပထမ ဆိုတဲ့
စာသားလေးကို တွေ့မြင်သိခဲ့ရတယ်။
ကျွန်တော်က ငယ်တဲ့
ဘုရားစာသင်နေတုန်း ဆိုတော့
သာမန်ဘဲ တွေးခဲ့တယ် ...
ဒါက လူတွေမှာ
အဲဒီခေတ်က
ရှိနေတဲ့ စိတ်နေသဘောထား ဆိုပြီး
သိပ် မထူးဆန်းသလိုနဲ့ နေခဲ့တယ် ။
ရန်ကုန်တက္ကသိုလ်ကို ၁၉၈၅ ခုနှစ် ဒီဇင်ဘာမှာ
ဥပဒေပညာသင်ဖို့
ရောက်ခဲ့တယ် ....
စစ်ကိုင်းဆောင်မှာ ပထမနှစ်နဲ့
ကျန်အတန်းတွေကို အင်းဝဆောင်မှာ
နေခဲ့ရတယ် .......
နယ်ဝေးက တောကျီးကန်း သူငယ်ချင်းတွေ .....
ရန်ကုန်က မြို့ကျီးကန်း သူငယ်ချင်းတွေ ......
တခြားဘာသာရပ်က သူငယ်ချင်းတွေ ......
ငယ်ငယ်တုန်းက ရန်ကုန်က ပြီးတော့ တောင်ငူက သူငယ်ချင်းတွေ .....
မန္တလေးက သူငယ်ချင်းတွေနဲ့
လူတွေအမျာကြီး ဆုံတွေ့လာခဲ့ရင်း .....
ပထမနှစ် ရှမ်းပြည်နယ်နေ့က ဝိဇ္ဇာခန်းမရှေ့က ရန်ပွဲ .....
ဒုတိယနှစ် ၂၅၊ ၃၅၊ ၇၅ သေဆုံးတဲ့ အော်သံများ ......
၁၉၈၈ မတ်လ နဲ့ ဇွန်လ မှာ တွေ့ရတဲ့ ယုံကြည်သူများရဲ့လမ်းတွေ .....
ပြိးတော့ ၁၉၉၁ ခုနှစ် ကျောင်းပြန်ဖွင့်တော့
လူဝန်းကျင် ပေါင်းစုံ၊ ဘဝများစွာ ဖြတ်သန်းခဲ့တဲ့
သူငယ်ချင်းများကို ပြန်တွေ့တဲ့အခါ .....
စိတ်ကောင်း စေတနာကောင်း၊ ရိုးသားခြင်း၊ ဖြူစင်ခြင်း၊
လေတဲမှာ လွင့်မျောနေတဲ့ ဆေးလိပ်မီးခိုးလိုဘဲ ......
တစ်ည အင်းဝဆောင် အခန်း - ၁၁၁ မှာ လန့်နိုးလာပြီး
ဇောချွေးများနဲ့ ကျွန်တော့်ကို
အခန်းဖော် တရုတ်ကြီးက
မင်းဘီရိုဘေးက
စိတ်ကောင်းရှိဖို့က ပထမ ကို
ဖြုတ်လိုက်တော့တဲ့ .....
သတိယမိတဲ့ သူငယ်ချင်းများသို့
လားရှိုးမြို့
၂၀. ၁၀. ၂၀၁၄ တနင်္လာနေ့
Monday, October 20, 2014
Friday, October 3, 2014
သံလွင်ချောင်းခြားဆိုတဲ့သီချင်းအတိုင်း
Subscribe to:
Posts (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ယာယီတာဝရမ်း Temporary Injunction တရားမကျင့်ထုံး ဥပဒေ အမိန့် ၃၉ ယာယီတားဝရမ်းအား တရားမကြီးမှုတွင် လျှောက်ထားလာပါက ထိုအမှုတွင်သာ ဆောင်ရ...

