တစ်ချိန်က
လူသားတွေက
မီးတွေ စတင်တွေ့ရက
စားသောက်နေထိုင်မှုတွေ
ပြောင်းလဲလာကြတယ် ....
လူသားတွေ
လျှပ်စစ်စတင်တွေ့ရာက
အသုံးအဆောင်တွေ
ပြောင်းလဲလာကြတယ် .....
လူသားတွေ
အသစ်အဆန်း တီထွင် တွေ့လာကြတဲ့အခါ
အရာရာဟာ
မြန်ဆန်တဲ့နှုန်းတွေနဲ့
ပြောင်းလဲလာကြတယ် ............
ဘယ်လိုဘဲပြောင်းလဲကြပါစေ
လူသားတွေရဲ့ရင်မှာရှိတဲ့
ဒေါသ လောဘ မောဟ မာန တွေကတော့
ပိုပိုပြီးသာ ကြီးထွားလာတယ်။
ပြောင်းလဲခြင်းမရှိဘဲ ......
လမ်းတွေရဲ့အခြားတစ်ဖက်မှာ
လိုအပ်နေတဲ့
မေတ္တာ ဂရုဏာ သစ္စာ မုဒိတာ တွေကတော့
ကာလံ ဒေသံ ပယောဂံ တွေကြောင့်
ပျောက်ဆုံးနေကြပြီလား ......
အားလုံးငြိမ်းချမ်းနိုင်သော ကမ္ဘာမြေတွင်
ံငြိမ်သက်သော နှလုံးသားနှင့်အတူ
ပျော်ရွှင်နိုင်ကြပါစေ။
မျှဝေလိုသော ဒဿနများ
လားရှိုးမြို့
၂.၁၂.၂၀၁၄ ၁၆း၀၀
Tuesday, December 2, 2014
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ပြစ်ချက်ဟောင်း တွဲ၍စွဲဆိုလျှင် (ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၇၅) ပြစ်ချက်ဟောင်းတွဲရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၁ နှင့်အညီ တရားရံ...
No comments:
Post a Comment