Friday, December 12, 2014

တစ်ချိန်က အတွေးနွမ်းများ

အတွေးနွမ်းများ

တစ်ချိန်က
ပထမနှစ်ကျောင်းသားဘဝမှာ
သင်ခန်းစာတစ်ခုက
ငါဟာ တစ်ယောက်တည်း
နေထိုင်တတ်၊ စားတတ်
ပညာသင်တတ်တဲ့
အဆောင်ကျောင်းသားဘဝကို
ငါ ကြိုးစားရမယ် ......

တစ်ချိန်က
အရေးအခင်း ဝုန်းဒိုင်းကြဲနေတဲ့အချိန်မှာ
သင်ခန်းစာတစ်ခုက
ငါဟာ တစ်ယောက်တည်း
ရုန်းကန်တတ်၊ နေတတ်
အသက်ရှင် ပြဿနာကင်း
ကိုယ်ကိုယ်တိုင်နဲ့ သူငယ်ချင်းများ
အန္တရယ်ကင်းအောင်
ငါ ကြိုးစားရမယ် .....

တစ်ချိန်က
မူးယစ်ဆေးဝါးနဲ့ ပျော်နေတဲ့
ထိုးလိုက် သောက်လိုက် ရှုလိုက်နဲ့
နေတဲ့ ဘော်ဒါအရင်းတွေကြားမှာ
သင်ခန်းစာတစ်ခုက
ငါဟာ ဆေးသမား အရက်သမား
မဖြစ်အောင် အသိတရားတစ်ခုနဲ့
ဂစ်တာလေးတီး၊ သီချင်းလေးဆိုယင်း
ပျော်မွေ့တတ်အောင်
ငါကြိုးစားရမယ် ......

တစ်ချိန်က
အလုပ်ထဲရောက်တော့
တော်တဲ့သူတွေ
မြင် ကြား သိ လာတဲ့အခါ
သင်ခန်းစာတစ်ခုက
ဘာတွေ စားပြီး ဘာတွေ လုပ်လို့
တော်တာလည်း ဆိုပြီး
ငါမြင်တတ်ဖို့အတွက်
ကြိုးစားရမယ် ........

တစ်ချိန်က
ပညာသင်ခဲ့တဲ့ ဆရာတွေ
ပညာပေးခဲ့တဲ့ ဆရာတွေ
ပညာပြခဲ့တဲ့ ဆရာတွေ
မြင် ကြား သိလာတဲ့အခါ
သင်ခန်းစာတစ်ခုက
့ပညာရပ်တစ်ခုရဲ့ နယ်မြေ
အကျယ်အဝန်းက သိပ်ကြီးတော့
ငါ ဘယ်လောက် မြင်နိုင်သလဲ့
မြင်ရသလဲ ဆိုပြီး
ကြိုးစားရမယ် .....

ဆရာတစ်ယောက်က
ကိစ္စ တစ်ခုခု ကြုံတိုင်း
မရ ရအောင် သူ အားထုတ်တဲ့အခါ
သူရဲ့ သီအိုရီက
Do or Die
Do it, but not to be done,
Just wait until be done and
Do it until you die တဲ့

နောက်သူငယ်ချင်းတစ်ယောက်က
ီDo it now တဲ့

ကျွန်တော်ကတော့
င်္Forget what you did to others
Just think yourself and
Be ready whatever it comes ဘဲ

ဆိုလိုတာက
သူများတွေအပေါ်
ဘာပဲ လုပ်ပေးခဲ့ပါစေ မေ့လိုက်ပါတော့
မင်းကိုယ်မင်းဘဲ မြင်နိုင် တွေးနိုင် သုံးသပ်နိုင်ပါစေ
ဘာတွေပဲဖြစ်ဖြစ် အမြဲတမ်းရင်ဆိုင်နိုင်ဖို့ အသင့်ရှိပါစေ ....

တစ်ချိန်က ပေးခဲ့သော အခုဒဿနများ

ပညာသင် ပညာပေး ပညာပြ ခဲ့သော အာစရိယဂိုဏ်းဝင် 
သင် မြင် ကြား ဆရာများအား အမြဲ ရိုကျိုး ရှိခိုးပါ၏

လားရှိုးမြို့
၁၂.၁၂.၂၀၁၄ သောကြာနေ့ ၀၉း၀၀ 

No comments:

Post a Comment

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ