Thursday, January 1, 2015

၂၀၁၅ ကို မျှော်ကြည့်ခြင်း


၂၀၁၅ ခုနှစ်ကို မျှော်ကြည့်ခြင်း

၂၀၁၄ ကို
ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်း
လှည့်ယင်း
ငါလေ
တာဝန်တွေနဲ့
ဖြတ်သန်းခဲ့ပြီ ……

၂၀၁၅ ကို
ရှမ်းပြည်မြောက်ပိုင်းမှာ
နှစ်သစ်ကြိုယင်း
သီချင်းတွေလည်း
ဟစ်ကြွေးခဲ့ပြီ ………

နှစ်တစ်နှစ်
ကုန်ဆုံးခဲ့လေပြီ
လေယာဉ်တွေ ပျောက်၊
လူတွေလည်း သေ၊
နယ်မြေတွေ လုယက်၊
ရာသီဥတုတွေ ဖောက်ပြန်၊
သစ်တောတွေ ပြုန်းတီး၊
ဝန်းကျင်က စွန်းထင်း အဆိပ်သင့်၊
အနိဌာရုံတွေနဲ့
ကမ္ဘာကြီးက
သူ့ရဲ့ဝန်ရိုးပေါ်မှာ
အိဒြေ္နကြီးနဲ့
အသက်ရှင် လည်ပတ်နေတုန်းဘဲ ……

လူသားတွေက
ကာကွယ်တဲ့သူ
ဖြုန်းတီးတဲ့သူ
ဖျက်ဆီးတဲ့သူ
မသိချင်ယောင်ဆောင်တဲ့သူ
တာဝန်သိပြီး တာဝန်ယူတဲ့သူ
လူတွေကတော့
ဆန့်ကျင်ဖက်တွေနဲ့
လှုပ်ရှား ရှင်သန်နေတုန်းဘဲလေ ……

မပြောင်းလဲနိုင်တဲ့ သဘာဝတရားနဲ့
ရှင်သန်ခြင်း ဒဿနများက
လူသားတွေရဲ့ အသက်ကို
တစ်နှစ်ဆိုတဲ့ အချိန်အဆစ်လေးတစ်ခုကို
ဆွဲဆန့် ရှည်လာစေခဲ့တယ် ………

အားလုံးအတွက်
ငြိမ်းချမ်းခြင်းကို
အနယ်ထိုင်လာမယ့်
အချိန်တွေက ရှည်ကြာစေပေမယ့်
အနာဂတ်အတွက်
သင်တို့ ငါတို့သည်  လူသား
လာမယ့် ၂၀၁၅ မှာ
ဘာတွေကို ရင်မှာထားမှာလဲ ……
ဘာတွေကို သယ်ယူလာမှာလဲ ………

တွေးမိလေသော ဒဿနများ

၂၀၁၅ ခု နှစ်သစ်မှာ လူသားဆန်သော နှလုံးသားများစွာနဲ့
ကမ္ဘာကြီးကို ရိုးသားစွာ လည်ပတ်စေတဲ့
လှပစွာ ပျော်ရွှင်နိုင်ပါစေလို့ ………

လားရှိုးမြို့
၁.၁.၂၀၁၅  ကြာသပတေးနေ့



No comments:

Post a Comment

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ