သောကများ ကင်းဝေးနိုင်ပါစေ
ပြင်သစ်မှာ
သတင်းစာတိုက်နဲ့
ကုန်စုံဆိုင်လေးတစ်ခု
အစွန်းရောက်တကမ္ဘာက
လူတွေက
ပစ်လိုက်ကြတာ
လူတွေ လူတွေ
သေကြေခဲ့ပြီး
မိသားစု သူငယ်ချင်း
ချစ်တဲ့သူတွေနဲ့
ပြန်မလာနိုင်တဲ့
အဝေးးကို
ဆွဲခေါ်သွားကြတယ် .....
လူတွေကို
ယုံကြည်မှုနဲ့ သက်ဝင်မှုတွေက
အကောင်းဖက်ကို
ထိန်းချုပ်တယ်လို့
ဒဿနတွေက
အမျိုးမျိုး ဆိုခဲ့ကြတာကို
ဖတ်ဘူးပါတယ် ......
မကောင်းမှုရှောင်
ကောင်းမှုဆောင်
ဖြူအောင် စိတ်ကိုထား ဆိုတဲ့
ဘုရားရှင်များရဲ့ ၏
အဆုံးအမကို
လိုက်နာကြသလို
ဘာသာမဲ့များရဲ့
ူကိုးစားမှုတွေမှာ
မကောင်းတာတွေ
မပါတာတော့ အမှန်ပါ .....
နယ်မြေစည်းတွေ
မျိုးနွယ်စု စည်းတွေ
ဘာသာရေး ဘောင်တွေ
လူမျိုးရေး ကွဲပြားမှုတွေ
ဝါဒ ခြားနားမှုတွေ
စည်း ဘောင်တွေ
တစ်ဖက်စီ ခြားကြပေမယ့်
လူသားရယ်လို့
ကမ္ဘာမှာ ရှင်သန်လာကြတဲ့အခါ
နောက်ဆုံးတော့
လူသားဆန်တဲ့
လူသားရဲ့နှလုံးသားနဲ့
လူသားအဖြစ်
ရပ်တည် ယုံကြည်တတ်ဖို့က
အရေးကြီးပါတယ်။
ကမ္ဘာမြေကြီး ကျန်းမာပြီး
ရှင်သန် ရပ်တည်နေတဲ့
လူသားများ သောက ကင်းဝေးနိုင်ကြပါစေ။
No comments:
Post a Comment