ကိုးကား။ (က)
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၂၃၃
( ခ) ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၂၃၄၊
၂၃၅၊ ၂၃၆ နှင့် ၂၃၉
ပုဒ်မ
၂၃၃ တွင် တစ်ဦးတစ်ယောက်ကို စွပ်စွဲသော အသီးအခြားဖြစ်သည့် ပြစ်မှုအရပ်ရပ်အတွက် စွဲချက်အသီးအခြားစီ
ရှိစေရမည်။ ယင်းစွဲချက်အရပ်ရပ်ကိုလည်း ပုဒ်မ ၂၃၄၊ ၂၃၅၊ ၂၃၆ နှင့် ၂၃၉ တွင် ဖော်ပြထားသည့်အချက်များတွင်မှတစ်ပါး
အသီးအခြားစီ စစ်ဆေးစီရင်ရမည် ဟု ပြဌာန်းထားသည်။
အကြောင်းခြင်းရာဖြစ်ရပ်တစ်ခုတည်းမှ
ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ သီးခြားဖြစ်ရပ်တစ်ခုစီမှ ပေါ်ပေါက်လာသော အမှုများကို
တစ်မှုတည်းတွင် ပူးပေါင်းစစ်ဆေးခြင်းမှာ ဥပဒေပြဋ္ဌာန်းချက်များ နှင့် မညီညွတ်သည့်အတွက်
စစ်ဆေးကြားနာခြင်းအားလုံးမှာ မူလအစကပင် ပျက်ပြယ်နေသည်။
ပညာသင်
ပညာပေး ပညာမျှဝေ ပညာပြ သွားသော ဆရာအားလုံးကို အောက်မေ့ဦးထိပ်ထား၍
ကာယ၊
ဝဇီ၊ မနော ဆရာ သုံးပါး ဦးထိပ်ပန်ဆင် ကန်တော့လျက်
မေ့လျော့နေသော
မှတ်စုတိုများ
လားရှိုးမြို့
၁၆.၁.၂၀၁၅ သောကြာနေ့ ၀၉း၁၀
No comments:
Post a Comment