Monday, January 19, 2015

တံဆိပ်ခေါင်းခွန် နှင့် စာချုပ်စာတမ်း သက်သေခံဝင်မှု


တံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၃၅ နှင့် ၃၆
တံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၃၅ အရ တံဆိပ်ခေါင်းကပ်ရန် လိုအပ်သည့် စာချုပ်စာတမ်းတစ်ခု သည် လိုအပ်သည့်တံဆိပ်ခေါင်းများ ကပ်ထားခြင်းမရှိပါက သက်သေခံအဖြစ် လက်ခံခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။
တံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၃၆ အရ တံဆိပ်ခေါင်းကပ်ရန် လိုသည့်စာချုပ်စာတမ်းတစ်ခုသည် တံဆိပ်ခေါင်းမပါဘဲ တရားရုံးက အမှုတွင် သက်သေခံအဖြစ် လက်ခံထားပြီးဖြစ်လျှင် မည်သူကမျှ ယင်းစာချုပ်သည် သက်သေခံမဝင်ပါဟု နောက်ပိုင်းတွင်သော်လည်းကောင်း၊ အယူခံမှုတွင် သော် လည်းကောင်း ကန့်ကွက်ခွင့်မရှိကြောင်း အောက်စီရင်ထုံးများတွင် ကြည့်ပါ။
နာဇီစန် ပါ ၂ နှင့် မမလေး ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၃၅၃
ဦးကာစင် ပါ ၃ နှင့် ဦးအုန်းရွေ ပါ ၅ ၁၉၈၀ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၈၃

No comments:

Post a Comment

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ