နှစ်သစ်ကို ကြိုဆိုခြင်း
၂၀၁၄ ကို
ရှမ်းပြည်တောင်ပိုင်း လင်းခေးမှာ
ကျွန်တော့် ဝန်ထမ်းတွေနဲ့
ကြိုခဲ့တယ် .....
၂၀၁၅ ကို
အခု ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမှာ
ရုံးမိသားစုတွေနဲ့
ကြိုကြမယ် .....
တစ်နှစ် ကုန်ပြန်ပြီ
အသက်လည်း တစ်နှစ်ကြီးလာပြီ
ဘာတွေကို
ဘယ်နေရာမှာ
ချန်ထားခဲ့မှာလဲ ....
ဘယ်နေရာ ရောက်ရောက်
ဘယ်အချိန် ရှိရှိ
ဘယ်သူတွေနဲ့ တွေ့တွေ့
ဘာတွေဘဲ ကြုံကြုံ
အကောင်းဆုံးတွေကို
မရခဲ့ရင်တောင်မှ
ကိုယ်လုပ်ခဲ့သမျှ
အားလုံးအတွက်
ကောင်းတာလေး
အနည်းဆုံးတစ်ခုတော့
ထားရစ်၊ ကျန်ရစ်အောင်
ကြိုးစားနေရမှာပါ ....
လူသားဆန်တဲ့အသိနဲ့
လူသားရဲ့နှလုံးသားနဲ့
အားလုံးကို
ကောင်းကွက်လေး တစ်ခုလောက်ကို
တစ်နှစ်မှာ ချန်ထားခဲ့ပါတယ်လို့
တွေးရင်းနဲ့
ရန်လိုခြင်း၊ မနာလိုခြင်း၊ မုန်းတီးခြင်းများ ကင်းဝေးသော
ငြိမ်းချမ်းသော ကမ္ဘာမြေပေါ်မှာ
မျှတသော နှလုံးသားနဲ့ ရှင်သန်နိုင်ကြပါစေ။
သတိယနေသော ဒဿနစာစုများ
လားရှိုးမြို့
၃၁.၁၂.၂၀၁၄ ဗုဒ္ဓဟူးနေ့
Wednesday, December 31, 2014
အမှုတန်ဖိုး စာချုပ်ပယ်ဖျက်ပေးစေလိုမှု
တရားမမှုများ တန်ဖိုးဖြတ်အက်ဥပဒေ ပုဒ်မ ၇ နှင့် ၈
တောင်းဆိုသည့် သက်သာခွင့်၏တန်ဖိုးကို ခန့်မှန်း၍ ရနိုင်သည့်အမှုများတွင်
ထိုတန်ဖိုးအတိုင်း စီရင်ပိုင်ခွင့်အတွက်သော်လည်းကောင်း၊
ရုံးခွန်တော်အတွက်သော်လည်းကောင်း သတ်မှတ်ရမည်ဖြစ်သည်။
ယင်းသို့ သတ်မှတ်ခြင်းမပြုလျှင် တရားလိုအား မိမိသဘောအတိုင်း
ထင်သလိုတန်ဖိုး သတ်မှတ်ခွင့်ပြုရာ ရောက်မည်ဖြစ်သည်။
ထို့ကြောင့် စာချုပ်စာတမ်းအား ဖျက်သိမ်းပေးရန် စွဲဆိုသည့်အမှုတွင်
တောင်းဆိုသော သက်သာခွင့်မှာ ဖျက်သိမ်းပေးစေလိုသော စာချုပ်စာတမ်း၏တန်ဖိုးအပေါ်
သတ်မှတ်ရမည်
မောင်စိုးအောင် ပါ ၃ နှင့် ဒေါ်မြသန်း ပါ ၃
၁၉၇၀ ခုနှစ်၊ မတစ စာ ၈၃
Tuesday, December 30, 2014
နှစ်ဦးနှစ်ဖက် မှားယွင်းသဘောတူညီချက်ကြောင့် ...
ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၂၀
သဘောတူညီချက်တွင်တွင် ပါဝင်သည့် နှစ်ဦးနှစ်ဖက်သည် သဘောတူညီချက်နှင့်စပ်လျဉ်း၍
အရေးပါသော အကြောင်းခြင်းရာကို မှားယွင်းကြလျှင် ထိုသဘောတူညီချက်သည် ပျက်ပြယ်ကြောင်း
ပြဋ္ဌာန်းထားသည်
သဘောတူညီချက်သည်
မှားယွင်းမှုကြောင့် ပျက်ပြယ်သော သဘောတူညီချက်ဖြစ်ရန်
(၁) မှားယွင်းမှုသည် အကြောင်းခြင်းရာနှင့် ပတ်သတ်ရမည်။
(၂) ထိုမှားယွင်းမှုသည် သဘောတူသည့် အချိန်တွင် ဖြစ်ရမည်။
(၃) သဘောတူသူ နှစ်ဦးစလုံးက မှားယွင်းခြင်းဖြစ်ရမည်။
(၄) ထိုမှားယွင်းမှုသည် သဘောတူညီမှုနှင့်စပ်လျဉ်းသည့် အရေးပါသော
အကြောင်းခြင်းရာ ဖြစ်ရမည်။
သဘောတူညီချက် ပျက်ပြယ်ရန်အတွက် သဘောတူညီမှုနှင့်စပ်လျဉ်းသည့်
အရေးပါသောအကြောင်းခြင်းရာကို နှစ်ဖက်စလုံးက မှားယွင်းကြသည်သာမက
ယင်းမှားယွင်းမှုသည် သဘောတူကြစဉ်အချိန်က တည်ရှိသော မှားယွင်းမှုဖြစ်ရန်လိုသည်။
ဒေါ်ထု နှင့် ရှာရှောက်ယုံ (ခ) ဦးဇော်ဝင်း ပါ၂ (၂၀၁၀ ပြည့်နှစ်၊ မတစ၊ ၁၃၀)
ကျွန်တော်တို့ စာချုပ်တွေ အများကြီးချုပ်နေကြရာမှာ ဒီလိုကိစ္စတွေ ရှိနေခဲ့ပေမယ့်
နားမလည်တာကြောင့် အမျိုးမျိုး ဒုက္ခတွေ ကြုံနေရတာကို သတိယလို့ပါ ....
မျှဝေလိုသော မှတ်စုတိုများ
လားရှိုးမြို့
၃၀.၁၂.၂၀၁၄ ရက်နေ့၊ အင်္ဂါနေ့ ၀၉း၀၀
Monday, December 29, 2014
သင်္ခါရတရားသဘော ....
သင်္ခါရတရား
ကျွန်တော်
မနေ့က သတင်းဆိုးတစ်ခု ကြားခဲ့ရတယ် ...
ပြောင်းလာခဲ့တဲ့ မြို့လေးက
ခရိုင်အဆင့် သစ်တောကြီးကို
လမ်းမှာ ချုံခိုတိုက်ခိုက်ခံရတာ
ကွယ်လွန်သွားပြီး
အလောင်းကို မနည်းပြန်ရအောင်
ကြိုးစားနေရတယ် ....
ကျွန်တော်တို့ အရပ်သားဝန်ထမ်းတွေဟာ
အဖြူရောင်၊ အညိုရောင်၊ အနက်ရောင်
ဘာအရောင်ပဲဖြစ်ဖြစ်
တာဝန်ထမ်းကြရင်
ခရီးသွားလာရတယ် ....
ငြင်းဆိုခွင့် ရွေးချယ်ခွင့် ဆိုတာထက်
တာဝန်ကို ဦးထိပ်ပန်ဆင်ရတယ် .......
လူသားတွေဘဲဗျာ
အသက်ကို ချစ်တတ်တာပေါ့
မိသားစုကို ချစ်တတ်တာပေါ့
ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်တာပေါ့
တာဝန်ဆိုတာနဲ့
ပြည်သူ့ဝန်ထမ်းဆိုတာ
နေရာမရွေး အချိန်မရွေး
ဆောင်ရွက်တဲ့အခါ
ဒီလိုဘဲ
လူမသိ သူမသိတဲ့
နေရာလေးတစ်ခုမှာ
ကွယ်လွန်တတ်တယ် .....
တရားသဘောကို
မလွန်ဆန်နိုင်ပေမဲ့
သေရမဲ့ နေရာ
ရွေးချယ်ပိုင်ခွင့် မရှိ ....
ုကိုယ့်ရုပ်အလောင်းကို ဘယ်နေရာမှာ
ဆိုတာကို မသိနိုင်တဲ့အခါ
အားလုံးဟာ
သင်္ခါရတရားကို ရင်ဝယ်ထားပြီး
အမျှဝေ လိုက်ပါတယ် ....
သူတစ်ပါးကို ကူညီတတ် ...
စတတ် နောက်တတ်တဲ့
ကျွန်တော့်အစ်ကိုကြီးတစ်ယောက်
ရောက်လေရာ ဘုံဋ္ဌာနကနေ
အမျှရလို့
သာဓု ခေါ်နိုင်ပါစေဗျား
ဝေမျှလိုသော ဒဿနများ
လားရှိုးမြို့
၂၉.၁၂.၂၀၁၄ တနင်္လာနေ့ ၀၉း၀၀
ကျွန်တော်
မနေ့က သတင်းဆိုးတစ်ခု ကြားခဲ့ရတယ် ...
ပြောင်းလာခဲ့တဲ့ မြို့လေးက
ခရိုင်အဆင့် သစ်တောကြီးကို
လမ်းမှာ ချုံခိုတိုက်ခိုက်ခံရတာ
ကွယ်လွန်သွားပြီး
အလောင်းကို မနည်းပြန်ရအောင်
ကြိုးစားနေရတယ် ....
ကျွန်တော်တို့ အရပ်သားဝန်ထမ်းတွေဟာ
အဖြူရောင်၊ အညိုရောင်၊ အနက်ရောင်
ဘာအရောင်ပဲဖြစ်ဖြစ်
တာဝန်ထမ်းကြရင်
ခရီးသွားလာရတယ် ....
ငြင်းဆိုခွင့် ရွေးချယ်ခွင့် ဆိုတာထက်
တာဝန်ကို ဦးထိပ်ပန်ဆင်ရတယ် .......
လူသားတွေဘဲဗျာ
အသက်ကို ချစ်တတ်တာပေါ့
မိသားစုကို ချစ်တတ်တာပေါ့
ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်တာပေါ့
တာဝန်ဆိုတာနဲ့
ပြည်သူ့ဝန်ထမ်းဆိုတာ
နေရာမရွေး အချိန်မရွေး
ဆောင်ရွက်တဲ့အခါ
ဒီလိုဘဲ
လူမသိ သူမသိတဲ့
နေရာလေးတစ်ခုမှာ
ကွယ်လွန်တတ်တယ် .....
တရားသဘောကို
မလွန်ဆန်နိုင်ပေမဲ့
သေရမဲ့ နေရာ
ရွေးချယ်ပိုင်ခွင့် မရှိ ....
ုကိုယ့်ရုပ်အလောင်းကို ဘယ်နေရာမှာ
ဆိုတာကို မသိနိုင်တဲ့အခါ
အားလုံးဟာ
သင်္ခါရတရားကို ရင်ဝယ်ထားပြီး
အမျှဝေ လိုက်ပါတယ် ....
သူတစ်ပါးကို ကူညီတတ် ...
စတတ် နောက်တတ်တဲ့
ကျွန်တော့်အစ်ကိုကြီးတစ်ယောက်
ရောက်လေရာ ဘုံဋ္ဌာနကနေ
အမျှရလို့
သာဓု ခေါ်နိုင်ပါစေဗျား
ဝေမျှလိုသော ဒဿနများ
လားရှိုးမြို့
၂၉.၁၂.၂၀၁၄ တနင်္လာနေ့ ၀၉း၀၀
Tuesday, December 16, 2014
ဓလေ့များ ပြဋ္ဌာန်းဥပဒေနှင့် ဆန့်ကျင်လေသော်
့ပြဋ္ဌာန်းဥပဒေ နှင့် ဓလေ့ထုံးတမ်း
ပြဋ္ဌာန်းဥပဒေ နှင့် ဓလေ့ထုံးတမ်းဥပဒေများ ဆန့်ကျင်လာပါက အစိုးရက ပြဋ္ဌာန်း အတည်ပြုသည့် ဥပဒေများကို သာလျှင် လိုက်နာရမည်ဖြစ်ပေမည်။ ဤပြဿနာကို မြန်မာ့တရားစီရင်ရေးသမိုင်းတွင်
ပြဋ္ဌာန်းဥပဒေများကို လိုက်နာစေသော အင်္ဂလိပ်ဥပဒေစနစ် စတင်အသက်သွင်းချိန် ၁၈၇၅ ခုနှစ်က
လမ်းညွှန်ထားသည်ကို တွေ့ရှိနိုင်သည်။
Mi Pai vs Mi Tu (Selected Judgments page 51, 1875)
စဉ်းစားရန်အချက်
ယခုလက်ရှိ ဓလေ့ထုံးတမ်းဥပဒေများသည် လက်ရှိ ၂၀၀၈ ခု၊ ဖွဲ့စည်းပုံဥပဒေနှင့် ကိုက်ညီရန်
လိုအပ်ပေသည်။ ထိုအခြေခံဥပဒေနှင့် မကိုက်ညီပါက မည်သို့ လိုက်နာဆုံးဖြတ်ရမည်ကို တောင်းဆို
စွဲဆိုမှု၊ တရားစွဲဆိုတင်ပို့မှု မတွေ့ရသေးပေ။
ပညာသင်
ပညာပေး ပညာမျှဝေ ပညာပြ သွားသော ဆရာအားလုံးကို အောက်မေ့ဦးထိပ်ထား၍
ကာယ၊
ဝဇီ၊ မနော ဆရာ သုံးပါး ဦးထိပ်ပန်ဆင် ကန်တော့လျက်
ငြင်းခုံ ဆွေးနွေးလိုသော
မှတ်စုတိုများ
လားရှိုးမြို့
၁၆.၁၂.၂၀၁၄ အင်္ဂါနေ့ ၀၉း၀၀
Monday, December 15, 2014
ယာယီတာဝရမ်း Temporary Injunction
ယာယီတာဝရမ်း Temporary Injunction
တရားမကျင့်ထုံး ဥပဒေ အမိန့် ၃၉
ယာယီတားဝရမ်းအား
တရားမကြီးမှုတွင် လျှောက်ထားလာပါက ထိုအမှုတွင်သာ ဆောင်ရွက် ရန်သာဖြစ်ပြီး
တရားမအထွေထွေမှု ဖွင့်လှစ်ဆောင်ရွက်ရန်မဟုတ်ပေ။
တရားရုံးများလက်စွဲ အပိုဒ် ၂၈၄
ခံဝန်ချုပ်အား
သီးခြားပုံစံမရှိသောကြောင့် တရားမကျင့်ထုံး ဥပဒေ ပုဒ်မ- ၁၅၁ အရ ဆောင်ရွက်ရန် ဖြစ်သည်။
ယာယီတားဝရမ်း
ထုတ်ဆင့်ရာတွင် အခြေခံရမည့်အချက် ၄ ချက်
ဦးတင်မြင့်
နှင့် ဦးစိုးတင့် ၁၉၇၉ ခု၊ မတစ စာ ၄၀
ဦးတင့်ဆွေ
ပါ ၂ နှင့် ဒေါ်အမာ ၁၉၈၅ ခု၊ မတစ စာ ၆၄
တရားမကျင့်ထုံး
ဥပဒေ အမိန့် ၃၉၊ နည်း ၃ အရ
အကြောင်းကြားစာ ထုတ်ခြင်းဖြင့် အဟောသိကံ ဖြစ်မည်ဆိုပါက အကြောင်းကြားစာ မထုတ်ဘဲ ယာယီဝရမ်းထုတ်ပေးနိုင်သည်။ သို့မဟုတ်ပါက
အကြောင်းကြားစာ အရင်ထုတ်ရန်လိုသည်။
ဦးထွန်းမြင့်
နှင့် ဦးသက်ရှည် ၁၉၆၆ ခု၊ မတစ စာ ၁၅၇၄
ယာယီတားဝရမ်းကို
အမှုသည်အပေါ်သာ ထုတ်နိုင်သည်။
အခြားသူအပေါ် ထုတ်ခွင့်မရှိ။
ဦးမောင်ကြီး
နှင့် ဒေါ်ခင်စန်းမြင့် ၁၉၇၅ ခု၊ မတစ စာ ၇၂
ဦးကျော်ဇော
ပါ ၂ နှင့် ဦးခင်မောင်ဗိုလ် ၁၉၈၂ ခု၊ မတစ စာ ၁
သီးခြားသက်သာခွင့်
အက်ဥပဒေအရ ထုတ်ဆင့်သော အမြဲတမ်းတားဝရမ်းသည်
ယာယီတားဝရမ်း နှင့် အခြေခံအားဖြင့် တစ်သဘောတည်းဖြစ်သည်။
နူးအားမက်
နှင့် ဦးထွန်းမောင် ၁၉၆၂ ခု၊ မတစ စာ ၄၄၃
အငြင်းပွားသောပစ္စည်းမရှိက ယာယီတားဝရမ်း ထုတ်ပေးရန်မလို။
ဒေါ်အေးအေးကြိုင်
နှင့် ဒေါ်သိန်းဆွေ ၁၉၉၁ ခု၊ မတစ ၁၅၀
ကုန်အမှတ်တံဆိပ်
အတုပြုလုပ်ခြင်းကို တားမြစ်ရန်အတွက်
ယာယီတားဝရမ်းထုတ်ပေးသင့်သည်။
ဦးတင်လတ်
နှင့် ဦးကျော်ငြိမ်း ၂၀၀၁ ခု၊ မတစ စာ ၂၁၆
ယာယီတားဝရမ်း
ဖောက်ဖျက်မှုဖြင့် တရားမကျင့်ထုံးဥပဒေ
အမိန့် ၃၉၊ နည်း ၂(၁) နှင့် (၄) တို့ အရ အရေးယူရန်ကိစ္စမှာ ဇာရီမှုတွင် ဆောင်ရွက်ခြင်းမပြုနိုင်၊ တရားမအထွေထွေမှု ဖွင့်လှစ် ဆောင်ရွက်မှသာ နည်းလမ်းမှန်ကန်မည်ဖြစ်သည်။
ဒေါ်ရင်ရင်နှင့်
ဦးလှသောင်း ပါ ၄ ၊ ၁၉၉၇ ခု၊ မတစ စာ ၁၀၄
ယေဘုယျရေးသားထားသော မှတ်စုတိုများဖြစ်ပါသည်။
အတိအကျ သေသေချာချာ လေ့လာတတ်ရန် လမ်းညွှန်မျှသာ ....
ပညာသင်
ပညာပေး ပညာမျှဝေ ပညာပြ သွားသော ဆရာအားလုံးကို အောက်မေ့ဦးထိပ်ထား၍
ကာယ၊
ဝဇီ၊ မနော ဆရာ သုံးပါး ဦးထိပ်ပန်ဆင် ကန်တော့လျက်
မေ့လျော့နေသော
မှတ်စုတိုများ
လားရှိုးမြို့
၁၅.၁၂.၂၀၁၄
တနင်္လာနေ့ ၀၉း၀၀
Friday, December 12, 2014
တစ်ချိန်က အတွေးနွမ်းများ
အတွေးနွမ်းများ
တစ်ချိန်က
ပထမနှစ်ကျောင်းသားဘဝမှာ
သင်ခန်းစာတစ်ခုက
ငါဟာ တစ်ယောက်တည်း
နေထိုင်တတ်၊ စားတတ်
ပညာသင်တတ်တဲ့
အဆောင်ကျောင်းသားဘဝကို
ငါ ကြိုးစားရမယ် ......
တစ်ချိန်က
အရေးအခင်း ဝုန်းဒိုင်းကြဲနေတဲ့အချိန်မှာ
သင်ခန်းစာတစ်ခုက
ငါဟာ တစ်ယောက်တည်း
ရုန်းကန်တတ်၊ နေတတ်
အသက်ရှင် ပြဿနာကင်း
ကိုယ်ကိုယ်တိုင်နဲ့ သူငယ်ချင်းများ
အန္တရယ်ကင်းအောင်
ငါ ကြိုးစားရမယ် .....
တစ်ချိန်က
မူးယစ်ဆေးဝါးနဲ့ ပျော်နေတဲ့
ထိုးလိုက် သောက်လိုက် ရှုလိုက်နဲ့
နေတဲ့ ဘော်ဒါအရင်းတွေကြားမှာ
သင်ခန်းစာတစ်ခုက
ငါဟာ ဆေးသမား အရက်သမား
မဖြစ်အောင် အသိတရားတစ်ခုနဲ့
ဂစ်တာလေးတီး၊ သီချင်းလေးဆိုယင်း
ပျော်မွေ့တတ်အောင်
ငါကြိုးစားရမယ် ......
တစ်ချိန်က
အလုပ်ထဲရောက်တော့
တော်တဲ့သူတွေ
မြင် ကြား သိ လာတဲ့အခါ
သင်ခန်းစာတစ်ခုက
ဘာတွေ စားပြီး ဘာတွေ လုပ်လို့
တော်တာလည်း ဆိုပြီး
ငါမြင်တတ်ဖို့အတွက်
ကြိုးစားရမယ် ........
တစ်ချိန်က
ပညာသင်ခဲ့တဲ့ ဆရာတွေ
ပညာပေးခဲ့တဲ့ ဆရာတွေ
ပညာပြခဲ့တဲ့ ဆရာတွေ
မြင် ကြား သိလာတဲ့အခါ
သင်ခန်းစာတစ်ခုက
့ပညာရပ်တစ်ခုရဲ့ နယ်မြေ
အကျယ်အဝန်းက သိပ်ကြီးတော့
ငါ ဘယ်လောက် မြင်နိုင်သလဲ့
မြင်ရသလဲ ဆိုပြီး
ကြိုးစားရမယ် .....
ဆရာတစ်ယောက်က
ကိစ္စ တစ်ခုခု ကြုံတိုင်း
မရ ရအောင် သူ အားထုတ်တဲ့အခါ
သူရဲ့ သီအိုရီက
Do or Die
Do it, but not to be done,
Just wait until be done and
Do it until you die တဲ့
နောက်သူငယ်ချင်းတစ်ယောက်က
ီDo it now တဲ့
ကျွန်တော်ကတော့
င်္Forget what you did to others
Just think yourself and
Be ready whatever it comes ဘဲ
ဆိုလိုတာက
သူများတွေအပေါ်
ဘာပဲ လုပ်ပေးခဲ့ပါစေ မေ့လိုက်ပါတော့
မင်းကိုယ်မင်းဘဲ မြင်နိုင် တွေးနိုင် သုံးသပ်နိုင်ပါစေ
ဘာတွေပဲဖြစ်ဖြစ် အမြဲတမ်းရင်ဆိုင်နိုင်ဖို့ အသင့်ရှိပါစေ ....
တစ်ချိန်က ပေးခဲ့သော အခုဒဿနများ
ပညာသင် ပညာပေး ပညာပြ ခဲ့သော အာစရိယဂိုဏ်းဝင်
သင် မြင် ကြား ဆရာများအား အမြဲ ရိုကျိုး ရှိခိုးပါ၏
လားရှိုးမြို့
၁၂.၁၂.၂၀၁၄ သောကြာနေ့ ၀၉း၀၀
တစ်ချိန်က
ပထမနှစ်ကျောင်းသားဘဝမှာ
သင်ခန်းစာတစ်ခုက
ငါဟာ တစ်ယောက်တည်း
နေထိုင်တတ်၊ စားတတ်
ပညာသင်တတ်တဲ့
အဆောင်ကျောင်းသားဘဝကို
ငါ ကြိုးစားရမယ် ......
တစ်ချိန်က
အရေးအခင်း ဝုန်းဒိုင်းကြဲနေတဲ့အချိန်မှာ
သင်ခန်းစာတစ်ခုက
ငါဟာ တစ်ယောက်တည်း
ရုန်းကန်တတ်၊ နေတတ်
အသက်ရှင် ပြဿနာကင်း
ကိုယ်ကိုယ်တိုင်နဲ့ သူငယ်ချင်းများ
အန္တရယ်ကင်းအောင်
ငါ ကြိုးစားရမယ် .....
တစ်ချိန်က
မူးယစ်ဆေးဝါးနဲ့ ပျော်နေတဲ့
ထိုးလိုက် သောက်လိုက် ရှုလိုက်နဲ့
နေတဲ့ ဘော်ဒါအရင်းတွေကြားမှာ
သင်ခန်းစာတစ်ခုက
ငါဟာ ဆေးသမား အရက်သမား
မဖြစ်အောင် အသိတရားတစ်ခုနဲ့
ဂစ်တာလေးတီး၊ သီချင်းလေးဆိုယင်း
ပျော်မွေ့တတ်အောင်
ငါကြိုးစားရမယ် ......
တစ်ချိန်က
အလုပ်ထဲရောက်တော့
တော်တဲ့သူတွေ
မြင် ကြား သိ လာတဲ့အခါ
သင်ခန်းစာတစ်ခုက
ဘာတွေ စားပြီး ဘာတွေ လုပ်လို့
တော်တာလည်း ဆိုပြီး
ငါမြင်တတ်ဖို့အတွက်
ကြိုးစားရမယ် ........
တစ်ချိန်က
ပညာသင်ခဲ့တဲ့ ဆရာတွေ
ပညာပေးခဲ့တဲ့ ဆရာတွေ
ပညာပြခဲ့တဲ့ ဆရာတွေ
မြင် ကြား သိလာတဲ့အခါ
သင်ခန်းစာတစ်ခုက
့ပညာရပ်တစ်ခုရဲ့ နယ်မြေ
အကျယ်အဝန်းက သိပ်ကြီးတော့
ငါ ဘယ်လောက် မြင်နိုင်သလဲ့
မြင်ရသလဲ ဆိုပြီး
ကြိုးစားရမယ် .....
ဆရာတစ်ယောက်က
ကိစ္စ တစ်ခုခု ကြုံတိုင်း
မရ ရအောင် သူ အားထုတ်တဲ့အခါ
သူရဲ့ သီအိုရီက
Do or Die
Do it, but not to be done,
Just wait until be done and
Do it until you die တဲ့
နောက်သူငယ်ချင်းတစ်ယောက်က
ီDo it now တဲ့
ကျွန်တော်ကတော့
င်္Forget what you did to others
Just think yourself and
Be ready whatever it comes ဘဲ
ဆိုလိုတာက
သူများတွေအပေါ်
ဘာပဲ လုပ်ပေးခဲ့ပါစေ မေ့လိုက်ပါတော့
မင်းကိုယ်မင်းဘဲ မြင်နိုင် တွေးနိုင် သုံးသပ်နိုင်ပါစေ
ဘာတွေပဲဖြစ်ဖြစ် အမြဲတမ်းရင်ဆိုင်နိုင်ဖို့ အသင့်ရှိပါစေ ....
တစ်ချိန်က ပေးခဲ့သော အခုဒဿနများ
ပညာသင် ပညာပေး ပညာပြ ခဲ့သော အာစရိယဂိုဏ်းဝင်
သင် မြင် ကြား ဆရာများအား အမြဲ ရိုကျိုး ရှိခိုးပါ၏
လားရှိုးမြို့
၁၂.၁၂.၂၀၁၄ သောကြာနေ့ ၀၉း၀၀
မျှတခြင်း နဲ့ တရားမျှတခြင်း
မျှတခြင်း (Equiltiy) နဲ့ တရားမျှတခြင်း (Justice)
တစ်ခါက
ဆယ်စုနှစ် နှစ်ခုကျော်က
အင်းဝဆောင်ရဲ့ညနက်တစ်ခုမှာ
သူငယ်ချင်းများနဲ့
ဒီခေါင်းစဉ် နှစ်ခုကို ဆွေးနွေးကြတယ်။
အားကစားပွဲတစ်ခု
ဥပမာ တင်းနစ်၊ စားပွဲတင်တင်းနစ်
နောက်ပိုင်း ပိုက်ကျော်ခြင်းလိုပေါ့
ကိုယ်မှားရင်လည်း သူက မှန်ရင်လည်း
ကိုယ်က တစ်မှတ်ပေးရသလို
ကိုယ်မှန်ရင်လည်း သူမှားရင်လည်း
ကိုယ်က တစ်မှတ်ရသလိုပေါ့
မျှတပါတယ် ဆိုတာကို
ဘာပေတံနဲ့ တိုင်းတာမှာလဲ ....
တရားမျှတပါတယ် ဆိုတာကို
ဘာသတ်မှတ်ချက် စံညွန်းနဲ့ တိုင်းတာမှာလဲ .....
ဥပဒေ ဆိုတာလည်း
တားမြစ်တာကို ဖောက်ဖျက်ရင်
အပြစ်ဒဏ်ခံရသလို
လုပ်ရမဲ့ ဥပဒေအရ တာဝန်ကို မလုပ်ရင်လည်း
အပြစ်ဒဏ်ခံရမှာပဲ .....
လောကကြီးမှာ
မျှတခြင်း နှင့် တရားမျှတခြင်းဟာ
ဒွန်တွဲနေသလို
ကွဲကွာ ခွဲခွာတဲ့ အချိန်တွေ
ရှိနေပါတယ် ....
မျှတပါတယ်ဆိုတဲ့ လူတွေဟာ
စိတ်ကောင်းရှိရဲ့လား .....
လူကောင်းဖြစ်ကြလား ......
တရားမျှတပါတယ် ဆိုတဲ့ လောကဟာလည်း
မှန်ရဲ့လား .....
မျှတရဲ့လား ....
လောကကြီးနဲ့ရော လိုက်လျောညီထွေ
ပုံစံမှန်ရဲ့လား .....
ကိုယ်တို့ လမ်းညွှန်ဆောင်ပုဒ် တစ်ခုလိုပေါ့
That is to say ....
Justice is not only be done but be seen. တဲ့
ူကျွန်တော်ကတော့ ပြင်လိုက်ချင်တာက
ဲThat is so say .....
Justice is not only be done and said on the face
but only be seen on bottom of heart of mankind.
တစ်ခြားသူတွေကိုလည်း မေးချင်ပါတယ် .....
အမှန် မျှတခြင်း နဲ့ တရားမျှတခြင်း ရဲ့အနက်ကို .......
ဝေမျှလိုသော အတိတ်က ဒဿနဟောင်းလေးတစ်ခု
လားရှိုးမြို့
၁၂.၁၂.၂၀၁၄ သောကြာနေ့
တစ်ခါက
ဆယ်စုနှစ် နှစ်ခုကျော်က
အင်းဝဆောင်ရဲ့ညနက်တစ်ခုမှာ
သူငယ်ချင်းများနဲ့
ဒီခေါင်းစဉ် နှစ်ခုကို ဆွေးနွေးကြတယ်။
အားကစားပွဲတစ်ခု
ဥပမာ တင်းနစ်၊ စားပွဲတင်တင်းနစ်
နောက်ပိုင်း ပိုက်ကျော်ခြင်းလိုပေါ့
ကိုယ်မှားရင်လည်း သူက မှန်ရင်လည်း
ကိုယ်က တစ်မှတ်ပေးရသလို
ကိုယ်မှန်ရင်လည်း သူမှားရင်လည်း
ကိုယ်က တစ်မှတ်ရသလိုပေါ့
မျှတပါတယ် ဆိုတာကို
ဘာပေတံနဲ့ တိုင်းတာမှာလဲ ....
တရားမျှတပါတယ် ဆိုတာကို
ဘာသတ်မှတ်ချက် စံညွန်းနဲ့ တိုင်းတာမှာလဲ .....
ဥပဒေ ဆိုတာလည်း
တားမြစ်တာကို ဖောက်ဖျက်ရင်
အပြစ်ဒဏ်ခံရသလို
လုပ်ရမဲ့ ဥပဒေအရ တာဝန်ကို မလုပ်ရင်လည်း
အပြစ်ဒဏ်ခံရမှာပဲ .....
လောကကြီးမှာ
မျှတခြင်း နှင့် တရားမျှတခြင်းဟာ
ဒွန်တွဲနေသလို
ကွဲကွာ ခွဲခွာတဲ့ အချိန်တွေ
ရှိနေပါတယ် ....
မျှတပါတယ်ဆိုတဲ့ လူတွေဟာ
စိတ်ကောင်းရှိရဲ့လား .....
လူကောင်းဖြစ်ကြလား ......
တရားမျှတပါတယ် ဆိုတဲ့ လောကဟာလည်း
မှန်ရဲ့လား .....
မျှတရဲ့လား ....
လောကကြီးနဲ့ရော လိုက်လျောညီထွေ
ပုံစံမှန်ရဲ့လား .....
ကိုယ်တို့ လမ်းညွှန်ဆောင်ပုဒ် တစ်ခုလိုပေါ့
That is to say ....
Justice is not only be done but be seen. တဲ့
ူကျွန်တော်ကတော့ ပြင်လိုက်ချင်တာက
ဲThat is so say .....
Justice is not only be done and said on the face
but only be seen on bottom of heart of mankind.
တစ်ခြားသူတွေကိုလည်း မေးချင်ပါတယ် .....
အမှန် မျှတခြင်း နဲ့ တရားမျှတခြင်း ရဲ့အနက်ကို .......
ဝေမျှလိုသော အတိတ်က ဒဿနဟောင်းလေးတစ်ခု
လားရှိုးမြို့
၁၂.၁၂.၂၀၁၄ သောကြာနေ့
Thursday, December 11, 2014
ရာစုနှစ်ခုကျော်အလွမ်း .....
ဂန့်ဂေါတောသို့ ဆယ်စုနှစ်နှစ်ခုကျော်အလွမ်း
၁၉၈၅ ခု ဒီဇင်ဘာလ
တက္ကသီလာ မြကျွန်းသာ ဆိုတဲ့
ဂန့်ဂေါတောကို
ငါ ရောက်ခဲ့တယ် ...
နယ်ပေါင်းစုံက
သူငယ်ချင်း
ဖြူမဲ တိုရှည် ပိန်ဝတဲ့
စရိုက်ပေါင်းစုံနဲ့
ကျောင်းတော်မှာ ပျော်ခဲ့ဖူးတယ် .....
တစ်နေ့က
မာလာဆောင် နဲ့ သီရိဆောင်
ပြန်ဖွင့်ပြီဆိုလို့
ရေးချင်စိတ်လေး ပြန်ရောက်လာတယ် .....
အသက်မကြီးသေးရင်
ငါတို့ရဲ့ကွဲကွာနေတဲ့ သူငယ်ချင်များနဲ့
ညဖက် ပြည်လမ်းပေါ်ကနေ
ဂစ်တာလေးနဲ့ အော်ချင်နေတုန်းဘဲ ......
သစ်ပုတ်ပင် နဲ့ ဂျပ်ဆင်
ကွန်ဘုတ်ကတော့
အရင်လိုပါဘဲ
RC လေးကတော့
ဦးထုတ်ဆောင်းထားသလိုဘဲ ...........
သစ်ပင်ကြီးတွေက
၁၉၉၁ မှာ လူတွေက ရှင်းပစ်တာ တစ်ခါ
၂၀၀၇ နာဂစ်မှာ တစ်ခါ
ပျောက်သလောက်ဘဲ ............
ငါတို့ရဲ့
ရာမညဆောင်လေးကရော
နေကောင်းရဲ့လားဆိုပြီး
တစ်ခါလောက် သွားကြည့်ချင်သေးတယ် ......
သူငယ်ချင်းတွေလည်း
တစ်မြို့ တစ်နယ်
တစ်နိုင်ငံ တစ်ကမ္ဘာခြား
ကွဲတဲ့သူ ကွဲ၊ သေတဲ့လူ သေ၊
ပျောက်တဲ့သူ ပျောက် .....
အတန်းဖော် ၂၀၀ နီးနီးမှာ
ဘယ်လောက် သုံးပုံ နှစ်ပုံ လောက်တော့ ရှိဦးမှာပါ ......
အခုတော့
ထူးချွန်ကျောင်းသားလေးတွေနဲ့
အရင်လို
အဓိပဓိလမ်းနဲ့ တို့များရဲ့ခြေရာများတွေ ......
ပျော်တုန်းဘဲလား
ရှင်သန်သေးရဲ့လား
တက္ကသီလာရေ
၁၉၈၅-၁၉၉၃ အမှတ်တယများ
လားရှိုးမြို့
၁၁.၁၂.၂၀၁၄၊ ကြာသပတေးနေ့၊ ၀၉း၀၀
၁၉၈၅ ခု ဒီဇင်ဘာလ
တက္ကသီလာ မြကျွန်းသာ ဆိုတဲ့
ဂန့်ဂေါတောကို
ငါ ရောက်ခဲ့တယ် ...
နယ်ပေါင်းစုံက
သူငယ်ချင်း
ဖြူမဲ တိုရှည် ပိန်ဝတဲ့
စရိုက်ပေါင်းစုံနဲ့
ကျောင်းတော်မှာ ပျော်ခဲ့ဖူးတယ် .....
တစ်နေ့က
မာလာဆောင် နဲ့ သီရိဆောင်
ပြန်ဖွင့်ပြီဆိုလို့
ရေးချင်စိတ်လေး ပြန်ရောက်လာတယ် .....
အသက်မကြီးသေးရင်
ငါတို့ရဲ့ကွဲကွာနေတဲ့ သူငယ်ချင်များနဲ့
ညဖက် ပြည်လမ်းပေါ်ကနေ
ဂစ်တာလေးနဲ့ အော်ချင်နေတုန်းဘဲ ......
သစ်ပုတ်ပင် နဲ့ ဂျပ်ဆင်
ကွန်ဘုတ်ကတော့
အရင်လိုပါဘဲ
RC လေးကတော့
ဦးထုတ်ဆောင်းထားသလိုဘဲ ...........
သစ်ပင်ကြီးတွေက
၁၉၉၁ မှာ လူတွေက ရှင်းပစ်တာ တစ်ခါ
၂၀၀၇ နာဂစ်မှာ တစ်ခါ
ပျောက်သလောက်ဘဲ ............
ငါတို့ရဲ့
ရာမညဆောင်လေးကရော
နေကောင်းရဲ့လားဆိုပြီး
တစ်ခါလောက် သွားကြည့်ချင်သေးတယ် ......
သူငယ်ချင်းတွေလည်း
တစ်မြို့ တစ်နယ်
တစ်နိုင်ငံ တစ်ကမ္ဘာခြား
ကွဲတဲ့သူ ကွဲ၊ သေတဲ့လူ သေ၊
ပျောက်တဲ့သူ ပျောက် .....
အတန်းဖော် ၂၀၀ နီးနီးမှာ
ဘယ်လောက် သုံးပုံ နှစ်ပုံ လောက်တော့ ရှိဦးမှာပါ ......
အခုတော့
ထူးချွန်ကျောင်းသားလေးတွေနဲ့
အရင်လို
အဓိပဓိလမ်းနဲ့ တို့များရဲ့ခြေရာများတွေ ......
ပျော်တုန်းဘဲလား
ရှင်သန်သေးရဲ့လား
တက္ကသီလာရေ
၁၉၈၅-၁၉၉၃ အမှတ်တယများ
လားရှိုးမြို့
၁၁.၁၂.၂၀၁၄၊ ကြာသပတေးနေ့၊ ၀၉း၀၀
Tuesday, December 9, 2014
အပြစ်ကျ အကျဉ်းသားတစ်ဦးအား နောက်ထပ်ပြစ်ဒဏ်ချမှတ်လေသောအခါ
အစဉ်အလိုက်
ဖြစ်သော ပြစ်ဒဏ်စီရင်ချက်များ
တရားရုံးများလက်စွဲ
အပိုဒ် ၇၀၇
ထောင်ဒဏ်ကျခံလျက်
ရှိသော အကျဉ်းသားတစ်ဦးအပေါ်တွင်၌ ထောင်ဒဏ်တစ်ရပ် ချမှတ်သောအခါ
နောက်ချမှတ်သည့်ထောင်ဒဏ်မှာ အထက်က
ချမှတ်ထားသည့်ထောင်ဒဏ်နှင့် တစ်ပြိုင်နက် တည်း ကျခံစေရမည်ဟု တရားရုံးက
ဆင့်ဆိုသည်မဟုတ်လျှင် ထောင်ဒဏ်ကာလအသစ်မှာ ထိုသူ ကျခံနေဆဲဖြစ်သည့် ထောင်ဒဏ်ကာလ
စေ့ကုန်ပြီးမှ အစပြုရမည် သို့မဟုတ် သို့ဖြစ်၍ တရားခံ တစ်ဦးတည်းနှင့် စပ်လျဉ်း၍
ထုတ်ဆင့်သော နောက်ဝရမ်းစာ အသီးသီးတွင် ယခင်အမှုအမှတ် ------- တွင် ချမှတ်သည့်
ပြစ်ဒဏ်စီရင်ချက် (နှင့် တစ်ပြိုင်နက်တည်း/ တစ်ပေါင်းတည်းကျခံစေရန်
သို့မဟုတ် စေ့ကုန်ပြီးမှ အစပြုရန်/ သီးခြားစီ ကျခံစေရန်) ဟု
ရှင်းလင်းပြတ်သားစွာ (ခေါင်းစဉ်တပ်) မှတ်ချက် အား ထင်ရှားစွာ ရေးသားရမည်။
ပညာသင်
ပညာပေး ပညာမျှဝေ ပညာပြ သွားသော ဆရာအားလုံးကို အောက်မေ့ဦးထိပ်ထား၍
ကာယ၊
ဝဇီ၊ မနော ဆရာ သုံးပါး ဦးထိပ်ပန်ဆင် ကန်တော့လျက်
မေ့လျော့နေသော
မှတ်စုတိုများ
လားရှိုးမြို့
၉.၁၂.၂၀၁၄
တနင်္လာနေ့ ၀၉း၀၀
Monday, December 8, 2014
တရားခံတစ်ဦး၏ သက်သေခံချက် ပေးရန် ပြဿနာ မရှိသော အချက်များ
တရားခံ၏ သက်သေခံချက် သို့မဟုတ် စစ်မေးချက်
ရည်ညွန်းချက်။ ပြစ်မှုကျင့်ထုံးဥပဒေ ပုဒ်မ- ၂၅၃ ၂၅၅ ၂၅၆
တရားရုံးများလက်စွဲ အပိုဒ် ၄၅၀ (၁) နှင့် (၂)
အပိုဒ် ၄၅၀ (၂) အရ
ပုဒ်မ ၂၅၃ ပြဌာန်းချက်အရ တရားခံကို စွဲချက်မတင်လွှတ်သည့်အချက်တွင် သို့မဟုတ်
ပုဒ်မ ၂၅၅(၂) ပြဌာန်းချက်အရ တရားခံက အပြစ်ရှိကြောင်း ကိုယ်တိုင်ဖြေကြားချက်ကြောင့် ပြစ်မှု
စီရင်ပြီးဖြစ်သည့်အချက်တွင်
တရားခံအား သက်သေခံချက် ပေးစေရန် အခွင့်အလမ်းပေးသည့် ပြဿနာ မပေါ်ပေါက်ချေ။
ပညာပေးခဲ့သော ပညာပြခဲ့သော သင်မြင်ကြား ဆရာများကို အမြဲ
ရိုကျိုး ကန်တော့ပါ၏။
မှတ်သား မျှဝေလိုသော မှတ်စုတိုများ
လားရှိုးမြို့
၃.၁၂.၂၀၁၄ ဗုဒ္ဓဟူးနေ့ ၀၉
ရည်ညွန်းချက်။ ပြစ်မှုကျင့်ထုံးဥပဒေ ပုဒ်မ- ၂၅၃ ၂၅၅ ၂၅၆
တရားရုံးများလက်စွဲ အပိုဒ် ၄၅၀ (၁) နှင့် (၂)
အပိုဒ် ၄၅၀ (၂) အရ
ပုဒ်မ ၂၅၃ ပြဌာန်းချက်အရ တရားခံကို စွဲချက်မတင်လွှတ်သည့်အချက်တွင် သို့မဟုတ်
ပုဒ်မ ၂၅၅(၂) ပြဌာန်းချက်အရ တရားခံက အပြစ်ရှိကြောင်း ကိုယ်တိုင်ဖြေကြားချက်ကြောင့် ပြစ်မှု
စီရင်ပြီးဖြစ်သည့်အချက်တွင်
တရားခံအား သက်သေခံချက် ပေးစေရန် အခွင့်အလမ်းပေးသည့် ပြဿနာ မပေါ်ပေါက်ချေ။
ပညာပေးခဲ့သော ပညာပြခဲ့သော သင်မြင်ကြား ဆရာများကို အမြဲ
ရိုကျိုး ကန်တော့ပါ၏။
မှတ်သား မျှဝေလိုသော မှတ်စုတိုများ
လားရှိုးမြို့
၃.၁၂.၂၀၁၄ ဗုဒ္ဓဟူးနေ့ ၀၉
မသမာ မလိုမုန်းထား ပြစ်မှုကြောင်းဖြင့် တရားစွဲခံရလေသောအခါ
မလိုတမာ
ပြစ်မှုကြောင်းအရ တရားစွဲခံရ၍ ကုစားခွင့် တောင်းလေသောအခါ
မသမာစိတ်ဖြင့် အာဃာတထားပြီး တရားစွဲဆိုသောအခါ
ပြစ်မှုကြောင်းအရ အရေးယူရန် တိုင်တန်းကြောင်း အထင်အရှား ပြသရန်လိုသည်။ တမင်သက်သက်
သူတစ်ပါးအား နှိပ်စက်လို၍ စွဲဆိုသည်ဟု ယူဆရန် အကြောင်းတစ်စုံတစ်ရာမျှ မတွေ့ရပေ။
မသမာစိတ် မရှိလျှင် လျော်ကြေး ရခွင့် ရှိမည်မဟုတ်ပေ။
ဒေါ်ခင်မိ
နှင့် ဒေါ်နီလာလူ ပါ ၃ ၁၉၉၅ ခုနှစ်၊ မတစ စာ ၂၄
မသမာသောစိတ် သို့မဟုတ် မလိုမုန်းထားသော စိတ်ဖြင့်
တင်ပြလျှောက်ထားခြင်း မဟုတ်၍ အယူခံတရားလိုက အယူခံတရားပြိုင်ကို လျော်ကြေးပေးရန်
တာဝန်မရှိ။
ဒေါ်ဆွေရိမ်
နှင့် ဒေါ်လှလှစိုး ၂၀၀၁ ခု၊ မတစ စာ ၁၇၇
မသမာစိတ်ဖြင့် တရားစွဲဆိုခြင်းမြောက်ရန်
အောက်ပါအချက်များဖြင့် ပြည့်စုံရန် လိုပေသည် -
က။ တရားပြိုင်က တရားလိုကို ပြစ်မှုကြောင်းအရ
စွဲဆိုခြင်း။
ခ။ ယင်းအမှုတွင်
တရားလိုကို အသာပေး ဆုံးဖြတ်ခဲ့ခြင်း။
ဂ။ တရားပြိုင်
စွဲဆိုသောပြစ်မှုသည် အခြေအမြစ် မရှိခြင်း။
ဃ။ တရားပြိုင်သည်
မသမာစိတ် သို့မဟုတ် မလိုမုန်းထားစိတ်ဖြင့် စွဲဆိုခြင်း။
င ။
တရားလိုတွင် နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ခြင်း။
ဒေါ်မိမိကျော်
နှင့် ဒေါ်နန်းအေးအေး ၁၉၉၅ ခု၊ မတစ စာ ၉၇
ကာယ၊
ဝဇီ၊ မနော ဆရာ သုံးပါး ဦးထိပ်ပန်ဆင် ကန်တော့လျက်
ပညာသင် ပညာပေး ပညာပြ ခဲ့သော ဆရာများသို့
ပညာသင် ပညာပေး ပညာပြ ခဲ့သော ဆရာများသို့
မေ့လျော့နေသော
မှတ်စုတိုများ
လားရှိုးမြို့
၈.၁၂.၂၀၁၄
တနင်္လာနေ့ ၁၅း၀၀
Subscribe to:
Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ပြစ်ချက်ဟောင်း တွဲ၍စွဲဆိုလျှင် (ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၇၅) ပြစ်ချက်ဟောင်းတွဲရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၁ နှင့်အညီ တရားရံ...