စွဲချက်
(ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၂၂၁ မှ ၂၄၀ ထိ
နှင့် တရားရုံးများလက်စွဲ အပိုဒ် ၄၃၁ မှ ၄၄၀ ထိ)
၁။ စွဲချက်တွင် ရုံးထိုင်တရားသူကြီးအမည်၊
ရာထူး၊ အခွင့်အာဏာ၊ စီရင်ပိုင်ခွင့်အာဏာနယ်မြေ၊ နေ့စွဲ၊ တရားရုံးတံဆိပ်နှင့် တရားသူကြီး
တံဆိပ် ရိုက်နှိပ်ရမည်။
၂။ စွဲဆိုသောပြစ်မှု - သီးခြားအမည် သို့မဟုတ် မရှိက သိသာလောက်သော ပြစ်မှု၏အင်္ဂါရပ်၊
မည်သည့်ဥပဒေနှင့် ပုဒ်မအား ကျူးလွန်ကြောင်း ဖော်ပြရမည်။
၃။ ယခင်ပြစ်မှုထင်ရှား စီရင်ခြင်းခံရကြောင်းစွဲချက်
နည်းလမ်းတကျ စွဲချက်တင်ရမည်။
၎။ စွဲချက်တွင် အချိန်၊ နေရာနှင့် မည်သူ့
သို့မဟုတ် ပစ္စည်းတစ်ခုခုနှင့် ကျူးလွန်ကြောင်းကို သိသာ မှု ရှိစေရန် ဖော်ပြ ပါရှိရမည်။
၅။ စွဲချက်များကို တစ်စုံတစ်ဦးအပေါ်
စွဲဆိုသော ကွဲပြားသည့်ပြစ်မှုများ အသီးသီးအတွက် သီးခြား ခွဲ၍ စွဲချက်တင်ရမည့်ပြင် ပြစ်မှုကျင့်ထုံးဥပဒေ
ပုဒ်မ- ၂၃၄၊ ၂၃၅၊ ၂၃၆ နှင့် ၂၃၉ တွင် ပြဌာန်း ဖော်ပြထားသော ပြစ်မှုများမှတစ်ပါး စွဲချက်အသီးသီးအတွက်
ခွဲခြား၍ စစ်ဆေးစီရင်ရမည်။ သို့ရာတွင် တစ်ဆယ့်နှစ်လကာလ အပိုင်းခြားအတွင်း ကျူးလွန်ခဲ့သည့်
မျိုးတူပြစ်မှု သုံးမှုကို အတူတကွ စစ်ဆေးစီရင်နိုင်သည်။ သို့ရာတွင် စွဲချက်ပူးတွဲခြင်းနှင့်
စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပါ ပြဌာန်းချက်များကို တိကျကြပ်တည်းစွာ လိုက်နာရန်နှင့်
စွဲချက်များကို မှားယွင်းပူးတွဲခြင်း သည် မူခင်းဆောင်ရွက်ခြင်းကို ပျက်ပြယ်စေသည်ကို
အထူးဂရုပြုရန် လိုအပ်သည်။
၆။ စွဲချက်တွင် မလိုသောစာသားများကို
မျဉ်းသား ဖျက်ရမည်။
၇။ ပြစ်မှုတစ်ခုမဟုတ် တစ်ခု ကျူးလွန်ကြောင်းစွဲချက်များ
- ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ- ၂၃၆ တွင် ပြဌာန်းထားသည့်အညီ စွဲချက်တင်နိုင်သည်။
မေ့လျော့နေသော မှတ်စုတိုများမှ ....
လားရှိုးမြို့
၂၀.၁၁.၂၀၁၄ ၀၈း၃၀
ကျေးဇူးအထူးတင်ရှိပါတယ်ဆရာ။
ReplyDelete