Monday, November 24, 2014

ဝရမ်းမှုများတွင် စွဲချက်တင်သောအခါ


ဝရမ်းမှုများတွင် စွဲချက်တင်သောအခါ မပျက်မကွက်လိုက်နာရသည့် 
တရားဥပဒေအရ တရားခံ၏ ခုခံပိုင်ခွင့် (Rights of Defense) နှင့် ပတ်သတ်သည့်
ပြဌာန်းချက်များ

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ- ၂၅၄၊ တရားရုံများလက်စွဲ အပိုဒ်- ၄၄၆ အရ
တရားလိုဖက်သက်သေခံချက်များ အားလုံးရယူပြီး သို့မဟုတ် မည်သည့်အဆင့်တွင်မဆို
ရုံးထိုင်တရားသူကြီးက စစ်ဆေးစီရင်ပိုင့်ခွင့်ရှိ၍ လုံလောက်သောပြစ်ဒဏ်ကို
ချမှတ်နိုင်သည်ဟု ထင်မြင်သော ပြစ်မှုကို တရားခံက ကျူးလွန်ခဲ့ကြောင်း ယူဆရန်အကြောင်းရှိသည်ဟု ထင်မြင်လျှင် တရားခံအပေါ် စာဖြင့် ရေးသား၍ စွဲချက်တင်ရမည်

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ- ၂၅၅(၁)၊ တရားရုံများလက်စွဲ အပိုဒ်- ၄၄၆ အရ
စွဲချက်တင်ပြီးနောက် ထိုစွဲချက်အား တရားခံအား ဖတ်ပြ၍ ရှင်းလင်းပြရမည်။
ထို့ပြင် အပြစ်ရှိသလား သို့မဟုတ် ခုခံချေပရန်ရှိသလား မေးမြန်းရမည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ- ၂၅၅(၂)၊ တရားရုံများလက်စွဲ အပိုဒ်- ၄၄ရ အရ
 အပြစ်ရှိသည်ဟု ဖြေကြားလျှင် ထိုဖြေကြားချက်ကို ရေးမှတ်ရမည့်ပြင် ထိုဖြေကြားချက်အရ ရုံးထိုင်တရားသူကြီးက ၎င်း၏ဆင်ခြင်တုံတရားအရ ပြစ်မှု ထင်ရှားစီရင်နိုင်သည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ- ၂၅၆၊ တရားရုံများလက်စွဲ အပိုဒ်- ၄၄၈ အရ
တရားလိုဖက်သက်သေများအနက် သက်သေတစ်ဦးတစ်ယောက်အား ပြန်ခေါ်စစ်မေးလိုခြင်း ရှိမရှိကို
တရားခံက ချက်ခြင်း ထုတ်ဖော် ပြောဆိုရန်လိုသည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ- ၂၅၆ နှင့် ၃၄၂ (၁) ၊ တရားရုံများလက်စွဲ အပိုဒ်- ၄၅၀ အရ
တရားခံအာ မိမိအတွက် မိမိကိုယ်တိုင် သက်သခေံချက်ပေးလိုသည် မပေးလိုသည် မေးမြန်းရမည်။
တရားခံက သက်သေခံချက်ပေးရန် ဆုံးဖြတ်ပါက သက်သေတစ်ဥ၊ီးအဖြစ် စစ်ဆေးရမည်။ မပေးလိုပါက ရုံးထိုင်တရားသူကြီးက ကျမ်းကျိန်ဆိုခြင်းမပြုဘဲ စစ်မေးရမည်။

ကာယ၊ ဝဇီ၊ မနော ကျေးဇူးရှင်များနှင့်
သင် မြင် ကြား သုံးလီ ဆရာများကို ဦးထိပ်ထား ကန်တော့ပါ၏


မေ့လျော့နေသော မှတ်စုတိုများမှ

လားရှိုးမြို့
၂၄.၁၁.၂၀၁၄ တနင်္လာနေ့


No comments:

Post a Comment

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ