စွဲချက်များအနက် တစ်ရပ်သော
စွဲချက်ဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်း
တစ်ဦးတည်းသောသူအပေါ်တွင်
တစ်ရပ်ထက်ပိုသော စွဲချက်များ ထင်ထား၍ ထိုစွဲချက်များအနက် စွဲချက် တစ်ရပ်နှင့် ပြစ်မှုထင်ရှားစီရင်ပြီးဖြစ်သောအခါ
ကျန်စွဲချက်များ အပေါ်တွင် တရားခံကို ပြစ်မှုထင်ရှားစီရင် ရန်ဖြစ်စေ၊ အပြီးအပြတ်လွှတ်ရန်ဖြစ်စေ
တရားရုံးက ဆက်လက်ဆောင်ရွက်ရန်မလို။ ပြစ်မှုကျင့်ထုံးဥပဒေ ပုဒ်မ- ၂၄၀ အရ တရားလိုဖက်က
အမှုလိုက် ဥပဒေအရာရှိက ကျန်စွဲချက်များကို ရုပ်သိမ်းနိုင်သည်။ သိုပတည်းမဟုတ် တရားရုံးသည် မိမိသဘောအလျောက် ထိုစွဲချက်များအပေါ်တွင်
စစ်ဆေး စီရင်ခြင်းကို ရုပ်သိမ်းထားနိုင်ခွင့်ရှိသည် ဖြစ်သောကြောင့် ထိုစွဲချက်များနှင့် ပတ်သတ်၍
ပြစ်မှုထင်ရှားစီရင်သည့်အမိန့် တစ်စုံတစ်ရာ ချမှတ်ရန် မလိုပေ။ (ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၂၄၀ နှင့် တရားရုံးများလက်စွဲ
အပိုဒ် ၄၄၀)
မေ့လျော့နေခဲ့သော မှတ်စုလေးများမှ ....
လားရှိုးမြို့
၂၀.၁၁.၂၀၁၄ ၀၈း၀၀
မေ့လျော့နေခဲ့သော မှတ်စုလေးများမှ ....
လားရှိုးမြို့
၂၀.၁၁.၂၀၁၄ ၀၈း၀၀
No comments:
Post a Comment