အဖေရဲ့သားငယ်လေး
အဖေ
လွန်ခဲ့သော ၆ နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့
မန္တလေးနန်းမြို့ စစ်ဆေးရုံမှာ
ချစ်သော မေမေနဲ့ သားသမီးတွေကို
ချန်ထားရစ်ပြီး ဘဝ တစ်ပါးကို
ပြောင်းသွားခဲ့ပြီ .....
အဖေ
သားသမီးတွေကို
ပညာတတ်စေချင်ခဲ့တဲ့ ....
အရာရှိတွေ ဖြစ်စေချင်တဲ့ ....
လူမျိုး၊ ဘာသာ၊ သာသနာကို
စောင့်ရှောက်စေချင်ခဲ့တဲ့ .....
အမွေတွေ အများကြီး ....
အတွေးအခေါ်တွေ အများကြီး .....
သင်ပြ လမ်းညွှန်ပေးခဲ့တယ် .......
အဖေ
သားငယ်တစ်ယောက်
တစ်ချိန်က အဖေရဲ့ဆန္ဒ ဖြစ်တဲ့ ....
စက်ရှင်အာဏာရ တရားသူကြီး တစ်ယောက်ကို
၂၀၁၃ ခုနှစ် အောက်တိုဘာမှာ ဖြစ်ခဲ့ရပြီး
မေမေလည်း တိုးလာတဲ့ သိန်းကျော်တန်
နှစ် ၄၀ ကျော် တိုင်းပြည်တာဝန်ထမ်းခဲ့တဲ့
အဖေရဲ့မိသားစုပင်စင်ကိုလည်း ရနေပြီ ....
အဖေ
အမွေဆိုတာ
ငွေတွေ၊ ဥစ္စာတွေ၊ ဓနတွေ၊ ချမ်းသာမှုတွေ
မဟုတ်ဘဲ အားလုံးအပေါ်မှာ
ငြိမ်းချမ်း အေးမြတဲ့ မိဘမေတ္တာ ဆိုတာကို
သားငယ် ကောင်းကောင်း သဘောပေါက်တဲ့အချိန်
အဖေတစ်ယောက်
ရောက်ရာဘဝကနေ
သားငယ်ပေးတဲ့ ကောင်း
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ပြစ်ချက်ဟောင်း တွဲ၍စွဲဆိုလျှင် (ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၇၅) ပြစ်ချက်ဟောင်းတွဲရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၁ နှင့်အညီ တရားရံ...
No comments:
Post a Comment