ငြိမ်းချမ်းခြင်း နဲ့ အခြားတစ်ဖက်
ကာလံ
ဒေသံ ပယောဂ
ပစ္စုပ္ပန်ကို
မြင်တတ်အောင်
တွေးကြ
ပြောကြ ရေးကြ တွေ့ကြတဲ့အခါ
ကျင့်သားရလာတဲ့အခါ
ငြိမ်းချမ်းခြင်းကို
မြင်တတ်
ကြားတတ် ခံစားတတ်လာလိမ့်မယ် …………………………
မငြိမ်းချမ်းတဲ့
ကာလ
မငြိမ်းချမ်းတဲ့
ဒေသ
မငြိမ်းချမ်းတဲ့
အခြေအနေ
မငြိမ်းချမ်းတဲ့
လက်ရှိတွေကို
ခံစားလာတတ်ရင်
ငြိမ်းချမ်းခြင်းရဲ့အနက်ကို
မင်း
ပိုပြီး သိ မြင် ကြားတတ်၊
တန်ဖိုးထားတတ်
ဖက်တွယ်ထားတတ်လိမ့်မယ် ……………
ငိုကြွေးကြတဲ့
ဆာလောင်နေတဲ့
ပူပြင်းနေတဲ့
အသံဆိုးတွေကြားနေတဲ့
လူသားတွေကြားမှာ
အော်ဟစ်
တမ်းတ လွမ်းဆွတ်
သတိယစေတဲ့အရာ
တစ်ခုက
ငြိမ်းချမ်းခြင်းဘဲ
…………
အသက်တွေ
တန်ဖိုးမဲ့တဲ့အခါ
အရာခပ်သိမ်း
ဆုံးရှုံးစေတဲ့အခါ
အရာရာကို
မေ့ပြစ်စေတဲ့အခါ
ကိုယ့်ကိုယ်ကိုအတွက်
ခံစားတဲ့အခါ
လူတွေဆိုတဲ့
အသိမဲ့စေတဲ့အခါ
မြင်လေရာ
ပျောက်ကွယ်စေတဲ့အခါ
မာန်တွေ
တိမ်ပေါ်ရောက်စေတဲ့အခါ
နေ့နဲ့
ည ဆိုတဲ့ ပညတ်တွေ ပျောက်စေတဲ့အခါ
ငါတစ်ယောက်ထဲ
ခံစားမိတဲ့နေရာတစ်ခုက
ငြိမ်းချမ်းခြင်းရဲ့
အခြားတစ်ဖက်မှာ
ရှင်သန်နေပါလား
ဆိုတဲ့ အသိတရားတစ်ခုပါ။
အဲဒီအချိန်မှာ
ကြားလိုက်ရတဲ့
ပဲ့တင်သံတစ်ခုက
မျိုးကြီးရဲ့
ရိုးရှင်းတဲ့ဘဝ ဆိုတဲ့ အသိတရားတစ်ခုပါ ………………………
ဂျပန်လူမျိုးတွေရဲ့
သဘာဝတရားနဲ့
ရိုးရှင်းစွာ ရှင်သန်ခြင်းဒဿနကို
တွေးကြည့်မိလာတယ်
……………
တောင်တကာတောင်ထက်
မြင့်တဲ့ တောင်တွေရှိနေသလို
သမုဒ္ဒရာတကာထက်
နက်တဲ့ သမုဒ္ဒရာ ရှိသလို
တောတကာတောထက်
နက်တဲ့ တောတွေ
ဒီလိုတွေရှိနေမှာဘဲ
……………
မငြိမ်းချမ်းသော
ငြိမ်းချမ်းခြင်းကို
အားလုံး
ခံစား သိမြင် တွေ့ကြုံလာရင်
တစ်စိမ့်စိမ့်နဲ့
ပျောက်သွားတဲ့ ရေခိုးတွေလို
တိမ်အဖြစ်နဲ့
ပြန်မြင်လာရမှာပါ ………………
ပစ္စုပ္ပန်ကို တည့်တည့်ရှုမြင်နိုင်ကြပါစေ။
လောဘ၊ ဒေါသ၊ မောဟ မြင်နိုင် ကြားနိုင်ပြီး
ကင်းအောင် ကျင့်ကြံ သုံးနိုင်ကြပါစေ။
လားရှိုးမြို့
၂၅.၁၁.၂၀၁၄ ၀၉း၀၀
No comments:
Post a Comment