Thursday, November 20, 2014
မှတ်စုတိုလေးများ
ကျွန်တော်
အင်တာနက်ရေယာဉ်ကြောမှာ နစ်မျောနေတုန်း
ငယ်ငယ်တုန်းက ဆရာတစ်ယောက်နဲ့
အမှတ်မထင်တွေ့ခဲ့တယ်။
အင်တာနက်မှာ ဘလော့ဂ်ရေးနေတယ်လို့
ပြောမိတဲ့အခါ ဆရာက တစ်ချိန်က
ဆုံးမခဲ့သလိုဘဲ နောက်နောင်မှာ
ဆရာတို့ခေတ်ကလို သင်ပြတတ်တဲ့
မှတ်စုတိုလေးတွေကို
မင်း မမေ့သေးရင် တတ်နိုင်သမျှ
ပြန်ရေးပြီး တင်လိုက်ပါတဲ့။
အရင်ကတော့
ပုဂ္ဂိုလ်ရေးဆန်ဆန်နဲ့ဘဲ ရေးနေတာကနေ
ဆရာ့အိုရဲ့စကား ပြန်ကြားလာတဲ့အခါ
ထူးဆန်းတဲ့ သတိယစေတဲ့
အရေးကြီးတဲ့ မပျက်ကွက်ဖို့လိုတဲ့
မှတ်စုတိုလေးတွေကို
တတ်နိုင်သမျှ ပြန်ရှာပြီး
ဥပဒေ အထူးသဖြင့်
ကျွန်တော်တို့ တရားသူကြီးများ၊
တရားရေးအရားရှိများ ဖတ်နိုင်အောင်
ရေးပြိး တင်ဖြစ်လာတယ်။
ကာယ၊ မနော၊ ဝဇီကံများဖြင့်
သင်၊ မြင်၊ ကြား နည်းအမျိုးမျိုး၊ လမ်းအသွယ်သွယ်ဖြင့်
လမ်းပြ ညွှန်ပြခဲ့ လမ်းခင်းပေးခဲ့သော ဆရာများအား
ထာဝရ ရိုကျိုးသေဝပ်စွာဖြင့်
အစဉ် ဦးထိပ်ထား ကန်တော့လျက်ပါ။
လားရှိုးမြို့
၂၀.၁၁.၂၀၁၄ ၀၉း၀၀
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ပြစ်ချက်ဟောင်း တွဲ၍စွဲဆိုလျှင် (ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၇၅) ပြစ်ချက်ဟောင်းတွဲရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၁ နှင့်အညီ တရားရံ...
No comments:
Post a Comment