တရားမဆိုင်ရာမူလမှု၏ စီရင်ချက်များ
ကိုရေးသားကြရာတွင်
တရားမကျင့်ထုံးဥပဒေ
အမိန့်- ၂၀၊ နည်း- ၄(၂) အရ
(က) အမှုအကြောင်းအရာအကျဉ်းချုပ်
(ခ) ဆုံးဖြတ်ရန်အချက်များ
(ဂ) ယင်းအချက်များအပေါ် ဆုံးဖြတ်ချက် နှင့်
(ဃ) ယင်းသို့ဆုံးဖြတ်ရသည့်
အကြောင်းပြချက်များ
****** ထည့်သွင်းဆုံးဖြတ်ခြင်း
မပြုနိုင်သည့်အချက်များ
၁။
သက်သေထင်ရှားပြသထားခြင်းမရှိသော သို့မဟုတ် သက်သေမခံသော တရားသူကြီးကိုယ်တိုင် သိရှိသည့်အချက်များ၊
၂။ သင်္ကာမကင်းဖြစ်မှု၊
၃။
ရှည်လျားစွာ ရေးသားခြင်း၊ အဆိုအချေတို့ကို ထပ်တလဲလဲ ဖော်ခြင်း၊
၎။
မလိုအပ်သည့် အကြောင်းအရာများ
၅။
အဆိုအချေ၌ မပါဝင် ဆန့်ကျင်ကွဲလွဲသည့်ကိစ္စအား ဖော်ထုတ်ဆုံးဖြတ်ခြင်း၊
တာဝန်ရှိမှု
တရားရုံးတစ်ရုံးရုံးအနေဖြင့်
အမှုသည်တို့က တင်ပြသည်ဖြစ်စေ၊ မတင်ပြသည်ဖြစ်စေ အမှုတွဲတွင် ပေါ်ပေါက်သော ဥပဒေပြဿနာကို
စဉ်းစားဆုံးဖြတ်ရန် တာဝန်ရှိသည်။
တရားမကျင့်ထုံးဥပဒေ
အမိန့်- ၂၀၊ နည်း- ၅ အရ
ငြင်းချက်များထုတ်ထားသည့်
တရားမမှုများတွင် ယင်းငြင်းချက်များအနက် တစ်ခု သို့မဟုတ် တစ်ခုထက် ပိုသော ငြင်းချက်များအပေါ်
တွေ့ရှိချက်မှာ အမှုကို ဆုံးဖြတ်ရန် မလုံလောက်လျှင် တရားရုံးသည် ငြင်းချက် တစ်ခုစီအပေါ်
မိမိ၏ တွေ့ရှိချက် သို့မဟုတ် ဆုံးဖြတ်ချက်ကို အကြောင်းပြချက်နှင့်တကွ ဖော်ပြရမည်။
တရားမကျင့်ထုံးဥပဒေ အမိန့်- ၂၀၊ နည်း- ၆(၁)(၂)
နှင့် (၃) တို့အရ
ဒီကရီသည်
စီရင်ချက်နှင့် ညီညွတ်ရမည်။
ဒီကရီတွင်
၁။
တရားမမှုအမှတ် နှင့် အမှုသည်များ၏ အမည်များ၊ အကြောင်းအရာများ
၂။
တောင်းဆိုသည့် သက်သာခွင့် အပြင် ခွင့်ပြုသော သက်သာခွင့် သို့မဟုတ် အမှုတွင် အခြားစီရင်
ဆုံးဖြတ်ချက်များ
၃။
တရားစရိတ်ငွေနှင့် မည်သူက မည်မျှအချိုးအရ ပေးရမည့်အချက် (လက်စွဲအပိုဒ်- ၁၇၇)
၎။
တရားစရိတ်ပေးရန် ဝန်ခံထားသော သို့မဟုတ် တွေ့ရှိရသော ငွေတစ်ရပ်အား ခုနှိမ်ရန်အချက်
(
မြန်မာနိုင်ငံတရားရုံးများလက်စွဲ အပိုဒ်- ၁၇၅)
နေ့စဉ်မှတ်တမ်းတွင်
အမိန့်ချမှတ်ခြင်းနှင့် ထုံးပုံကျအမိန့် ရေးဆွဲ သင့် - မသင့် ဆုံးဖြတ်ရန်အချက်
(
မြန်မာနိုင်ငံတရားရုံးများလက်စွဲ အပိုဒ်- ၁၀၁၅ မှ ၁၁၁၈ ထိ)
တရားမကျင့်ထုံးဥပဒေ အမိန့်- ၂၀၊ နည်း- ၇ အရ
ဒီကရီ၏
ရက်စွဲသည် စီရင်ချက်ချမှတ်သောနေ့ ဖြစ်ရမည်။ ထို့ပြင် ၄င်းစီရင်ချက်နှင့်အညီ ဒီကရီကို
ရေးဆွဲ ထားကြောင်း ကျေနပ်အောင် စိစစ်ပြီးသောအခါ တရားသူကြီးသည် ဒီကရီကို လက်မှတ်ထိုးရမည်။
No comments:
Post a Comment