Tuesday, November 18, 2014

ပြစ်မှုမူလမှု စီရင်ချက် ရေးသားကြရာဝယ်


ပြစ်မှုဆိုင်ရာ မူလမှုများ၏ စီရင်ချက်များ
ရည်ညွှန်းချက်။           ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ အခန်း- ၂၆၊ ပုဒ်မ- ၃၆၆ မှ ၃၇၃ ထိ
၂။ တရားရုံးများလက်စွဲ၊ တတိယအကြိမ်၊ ၁၉၇၀ ထုတ်၊ အခန်း ၂၃၊ အပိုဒ်- ၆၅၃ ၆၆၁က အထိ
အကျဉ်းချုပ်။             မူလစီရင်ပိုင်ခွင့် အာဏာရှိသည့် မည်သည့်ရာဇဝတ်တရားရုံးတွင်မဆို စစ်ဆေးစီရင်သော အမှုတိုင်းတွင် စီရင်ချက်ကို ချမှတ်ရမည် သို့မဟုတ် အဆိုပါစီရင်ချက်၏ အကျဉ်းချုပ်ကို ရှင်းပြရမည်။
၁။ စစ်ဆေးစီရင်မှု ပြီးဆုံးပြီးနောက် ချက်ခြင်း သို့မဟုတ် ကြိုတင်အသိပေးသော
နောက်ပိုင်းရက်တွင် ချမှတ်ရမည်။
၂။ စီရင်ချက်ကို တရားခံ၏ရှေ့တွင် လူသိရှင်ကြား တရားခွင်တွင် ချမှတ်ရမည်။ စီရင်ချက် ကို နှုတ်တိုက်ပြောသည်ဖြစ်စေ၊ လက်နှိပ်စက် သို့မဟုတ် ကွန်ပြူတာနှင့်ဖြစ်စေ ရေးသားလျှင် နေ့စွဲတပ်၍ လက်မှတ်ရေးထိုးရမည်။ စီရင်ချက်အား ရုံးထိုင်တရားသူကြီးက ကိုယ်တိုင်ရေးသားက အဆိုပါစီရင်ချက်၏ စာမျက်နှာတိုင်းတွင် ထိုတရားသူကြီးက လက်မှတ်ရေးထိုးရန်မလို။
                    ၂။ ရုံးသုံးဘာသာစကားဖြင့် ရေးသားရမည်။
၃။ တရားခံဖြစ်စေ၊ ၎င်း၏ရှေ့နေဖြစ်စေ နားလည်သော အခြားဘာသာစကားဖြင့် ရှင်းပြရမည်။ တရားလိုဖက်မှဖြစ်စေ၊ တရားခံဖက်မှဖြစ်စေ တောင်းဆိုလာလျှင် ရုံးထိုင် တရားသူကြီးက စီရင်ချက်တစ်ခုလုံးကို ဖတ်ပြရမည်။
၎။ စီရင်ချက်တိုင်းတွင် ပါရှိရမည့်အချက်များ -
          (က) အမှုအကျဉ်းချုပ်
(ခ) တရားလိုဖက်သက်သေထွက်ချက်၊ သက်သေခံချက်များအပေါ် ယေဘူယျ အားဖြင့် ဝေဖန်လျက် အမှု၏ အကြောင်းအရာ အလုံအလောက်ကို အတိုကောက် ဖော်ပြချက်
(ဂ)  တရားခံ အားလုံးနှင့်သော်လည်းကောင်း၊ အများနှင့်သော်လည်းကောင်း တူညီသက်ဆိုင်သမျှ တရားခံဖက်က ထုချေဆိုချက်ကို ဖော်ပြချက်နှင့် ဝေဖန်ချက်
(ဃ) တရားခံအသီးသီးကို ထိခိုက် ဆန့်ကျင်သော သက်သေခံချက် သို့မဟုတ် ထောက်ခံသော သက်သေခံချက်တို့ကို သီးခြားဖော်ပြချက်နှင့်တကွ ၎င်းတို့အပေါ် တွင် တိကျပြတ်သားသည့် ဆုံးဖြတ်ချက်များ၊ တရားခံ နှစ်ဦး သို့မဟုတ် နှစ်ဦး ထက်ပိုသော တရားခံများအပေါ် တစ်ဦးချင်းအစား တစ်ပေါင်းတည်း စဉ်းစား ဝေဖန်ရမည်။ တရားခံများအပေါ် စွဲချက်မတူ ကွဲလွဲပါက ၎င်းတို့အသီးသီးပေါ် တင်သည့်စွဲချက်ကို စီရင်ချက်၏ ဤအပိုင်းတွင် ဖော်ပြရမည်။
(င) တရားခံအသီးသီးအပေါ်တွင် ချမှတ်သည့် ပြစ်ဒဏ်စီရင်ချက် နှင့် အမိန့်
( ဤအပိုင်းတွင် ပြစ်မှုထင်ရှားစီရင်ခြင်း နှင့် ပြစ်ဒဏ်တို့ကို ရှင်းလင်းတိကျစွာ ရေးသားရမည် )
(စ) စီရင်ချက်မူရင်းကို အမှုတွဲတွင် တွဲထားရမည်။
စီရင်ချက်တိုင်းတွင် ဆုံးဖြတ်ရမည့်အချက် သို့မဟုတ် အချက်များ၊ ယင်းတို့အပေါ် ဆုံးဖြတ်ချက်နှင့် ယင်းဆုံးဖြတ်ချက်များအတွက် အကြောင်းပြချက်များ ပါရှိရမည်။
စီရင်ချက် ပြောင်းလဲပြင်ဆင်ခြင်း        ဤကျင့်ထုံးနှင့် အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြဌာန်း ထားသည်မှတပါး မည်သည့်တရားရုံးကမျှ စီရင်ချက်ကို လက်မှတ်ရေးထိုးပြီးပါက စာအရေးအသား မှားယွင်းချက်ကို ပြင်ရန်မှတစ်ပါး ထိုစီရင်ချက်ကို ပြောင်းလဲခြင်း သို့မဟုတ် ပြန်လည်သုံးသပ်ခြင်း မပြုရ။
ထောင်ဒဏ်များနှင့်ပတ်သတ်၍ သက်ညှာ သို့မဟုတ် ပညာပေးပြစ်ဒဏ် သို့တည်းမဟုတ် ထိရောက် ဟန့်တားပြစ်ဒဏ် ချမှတ်မည်ဆိုပါက မည်သည့်အတွက် ထိုသို့ချမှတ်ရကြောင်းကို ကျိုးကြောင်း ဖော်ပြရမည်။ (တရားရုံးများလက်စွဲ အပိုဒ် ၆၉၀၊ ၆၉၁)
ထောင်ဒဏ်တစ်ခုထက် ပိုသောပြစ်ဒဏ် ချမှတ်ခြင်းနှင့် ပတ်သတ်၍ တစ်ခုပြီးမှတစ်ခု (သီးခြား) သို့မဟုတ် တစ်ပေါင်းတည်းကျခံရန် တိကျစွာဖော်ပြရန်။ (တရားရုံးများလက်စွဲ အပိုဒ် ၆၈၇၊ ၆၈၈)
ချုပ်ရက်များနှင့်ပတ်သတ်၍  မူသဘောအရ ကျခံရမည့်ထောင်ဒဏ်မှ တစ်ကြိမ်တစ်ခါသာ ထုတ်နှုတ်ခံစားစေရန် သတ်မှတ်ချမှတ်ရန်ဖြစ်သည်။ ချွင်းချက်အားဖြင့် တစ်ချိန်တည်း စစ်ဆေးဆဲ အခြားအမှုတွင် ခံစား ခွင့်ပြုပြီး သို့မဟုတ် အပြစ်ကျ အကျဉ်းသားဖြစ်လျှင် ထုတ်နှုတ်ခံစားခွင့် မရှိပေ။ (တရားရုံးများ ညွှန်ကြားချက်- ၈/၆၇၊ ၂၆.၅.၁၉၆၇) (ပြည်ထောင်စုမြန်မာနိုင်ငံတော် နှင့် မောင်ထွန်းကြည် ၁၉၆၇၊ မတစ၊ စာ-၃၄၈)
ငွေဒဏ်နှင့် ပတ်သတ်၍ ငွေဒဏ်ဆောင်ခြင်းနှင့် ဒဏ်ငွေမဆောင်က ကျခံရန် ထောင်ဒဏ်သတ် မှတ်ချက် ( ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ- ၆၄ မှ ၆၇ ထိနှင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၃၃ အရ)

ယေဘူယျ ဝေမျှလိုသော မှတ်စုများ
လားရှိုးမြို့
၁၈.၁၁.၂၀၁၄  

No comments:

Post a Comment

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ