တစ်ချိန်သော အခါက
တစ်ချိန်သောအခါက
ညနက်နက်တွေမှာ
ကျွန်တော် တစ်ယောက်ထည်း
ဂီတာကို ကိုင်ယင်း
အော်လိုက် ဟစ်လိုက်
သံစဉ်တွေ ပျောက်တဲ့ညတွေကို
ဖြတ်သန်း ကျော်ဖြတ်ခဲ့ဘူးတယ် .....
တစ်ချိန်သောအခါက
ကျွန်တော် တစ်ယောက်တည်း
မိုက်မဲစွာနဲ့ လူပေါင်းများစွာကို
စိန်ခေါ်ပြီး ရိုက်နှက်ခဲ့ချိန်က
ခေါင်းမှာ သွေးချင်းချင်းနီနဲ့
အရက်ခွက်နဲ့ နာကျင်မှုတွေကို
ဖြေသိမ့်နေခဲ့ဘူးတယ် .....
တစ်ချိန်က
ချီးမွမ်းကြ ကဲ့ရဲ့ကြတဲ့
ချစ်ခဲ့တဲ့ မုန်းကြတဲ့
လူတွေ ကြားမှာ
ဆွံ့အ နားမကြား
အတိတ် ပစ္စုပ္ပန်မေ့လျော့ နေတဲ့
လူလို နေတတ်ခဲ့ဘူးတယ် ....
တစ်ချိန်က
သူတစ်ပါး ကျေးဇူးတွေကို
မမေ့လျော့အောင် နေခဲ့သလို
ကိုယ် ပြုခဲ့တဲ့ ကျေးဇူးတွေကို
လေနှင့်အတူ လွင့်ပစ်လိုက်တဲ့ လူတွေကို
ကြည့်ယင်း ပြုံးနေခဲ့မိတယ် ....
ကိုယ် ကောင်းကြောင်း
သူများ မကောင်းကြောင်း
ကျေးဇူးတရား ဆိုတာ ကိုယ်ဘဲပြုတတ်တယ် ထင်တဲ့
လူတွေကြားမှာ စကားလေးတစ်ခွန်းကို ကြားမိခဲ့တယ် ....
ကြားကြားသမျှ ပြုပြုသမျှ
ကောင်းမှုတွေကို နတ်လူ သာဓုခေါ်နိုင်ပါစေသား ဆိုတဲ့
ဆုတောင်းလေးတစ်ခုကို
တစ်ချိန်သောအခါက
ကြားသလို
အခုချိန်ထိ
ပြန်ကြားနေဆဲပါ .....
လားရှိုးမြို့
၂၄.၁၁.၂၀၁၄ တနင်္လာနေ့ ၁၅း၀၀
Monday, November 24, 2014
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ယာယီတာဝရမ်း Temporary Injunction တရားမကျင့်ထုံး ဥပဒေ အမိန့် ၃၉ ယာယီတားဝရမ်းအား တရားမကြီးမှုတွင် လျှောက်ထားလာပါက ထိုအမှုတွင်သာ ဆောင်ရ...
No comments:
Post a Comment