Friday, November 28, 2014

မှတ်သားမိသော စကားစုများ



သက်သေထွက်ချက်များ၏ အနှစ်သာရနှင့် တန်ဖိုး
          သက်သေများ၏ ထွက်ချက်တွင် အနည်းငယ် ကွဲလွဲချက်ရှိရုံမျှဖြင့် ယင်းထွက်ချက်အားလုံး ကို မယုံကြည်ထိုက်ဟူ၍ ပစ်ပယ်ရန်မဟုတ်။ သက်သေများ၏ ထွက်ချက်အနှစ်သာရကို ချိန်ဆ ကြည့်လျှင် အဓိကျသော အချက်တွင် ကွဲလွဲချက်မရှိဘဲ တူညီနေသည်ကို တွေ့ရမည်ဖြစ်သည်။
          တရားခံတစ်ဦး၏ဖြောင့်ချက်သည် မိမိကိုယ် မိမိကိုယ်လွတ်ရုန်းပြီး အခြားပူးတွဲတရားခံ တစ်ဦးအပေါ် အပြစ်ပုံချသည့် ဖြောင့်ချက်မျိုးမဟုတ်သဖြင့် ထိုဖြောင့်ချက်ကို ပူးတွဲတရားခံ အပေါ် အသုံးပြုနိုင်ပေသည်။
(မောင်သူရစိုး နှင့် ပထစ၊ ၂၀၀၀ ပြည့်နှစ်၊ မတစ၊ စာ ၁၃၉)

မှတ်သားမိခဲ့သော အရေးအသားများ

လူသားခံစားမှုဖြင့် မျှဝေခံစားတတ်ပါစေ .....

လားရှိုးမြို့
၂၈.၁၁.၂၀၁၄ သောကြာနေ့
 

Thursday, November 27, 2014

မိတ်ဆွေစစ် ဆိုတာ .....


မိတ်ဆွေစစ် ဆိုတာ

တစ်နေ့က
သတင်းစာဖတ်ယင်း တွေ့လိုက်ရတာ


မိတ်ဆွေစစ် လေးမျိုး
မိမိအား ကျေးဇူးပြုသူ မိတ်ဆွေစစ်၊
ချမ်းသာ ဆင်းရဲ အတူဖြစ်သူ မိတ်ဆွေစစ်၊
အကျိုးစီးပွားကို ညွှန်ပြတတ်သော ဆရာနှင့်တူသူ မိတ်ဆွေစစ်၊
ညှာညှာတာတာ စောင့်ရှောင့်တတ်သူ မိတ်ဆွေစစ်။

သိပ်ကြိုက်တာနဲ့ ရေးတင်လိုက်တယ် ....

အားလုံးမျှဝေ ဖတ်ရှု့နိုင်ပါစေ။

မျှဝေလိုသော ဒဿနများ

လားရှိုးမြို့
၂၇.၁၁.၂၀၁၄ ကြာသပတေးနေ့  

Wednesday, November 26, 2014

ပြောင်းလဲလာသောအခါ

ပြောင်းလဲလာသောအခါ

တစ်နေ့သောအခါ
တာဝန်နဲ့ ခရီးထွက်ရင်း
စာအုပ်ဆိုင်မှာ
ဘာသာပြန်ထားတဲ့ ဘာသာရပ်စာအုပ်တွေ
အင်္ဂလိပ်လို ရေးထားတဲ့စာအုပ်တွေ
ရှိတဲ့အတန်းမှာ
ကြည့် ငေး မြည်း စမ်းကြည့်နေတုန်း
Management စာအုပ်တန်းမှာ
ရုတ်တရက်တွေ့လိုက်ရတယ် ....

How to Manage your Superior ....
စာအုပ်တစ်အုပ်ပါ

အရင်ကဆို
ကိုယ့်လက်အောက်ကိုဘဲ
ဘယ်လို ကဏ္ဍအလိုက် စီမံခန့်ခွဲမလဲဆိုပြီး
စာအုပ်ပေါင်း သောင်းခြောက်ထောင်လောက်
ရေးကြ သုံးကြ ကိုးကားကြ
ပြောကြ ဆွေးနွေးကြ
ငြင်းကြ ခုန်ကြ တွေးကြ
ဒီလိုနဲ့ အချိန်များစွာ
မိုင်ထောင်ပေါင်းများစွာကို
ဖြတ်သန်းခဲ့ကြတာ သဘာဝလိုဘဲ
တွေ့ကြုံခဲ့ရတယ်။

ခေတ်တွေ စံနစ်တွေ
ပုံသဏ္ဍာန်တွေ အတွေးအခေါ်တွေ
အရေးသား အပြောအဆို
စာမေးပွဲတွေ ဖြတ်သန်းတဲ့မှတ်တိုင်တွေ
ကြုံတဲ့ ဘဝတွေ
တကယ်ပြောင်းလဲလာပြီလား ....

ကိုယ့်အထက်ကို ဘယ်လိုများ
ဘယ်သဏ္ဍာန်နဲ့
စီမံခန့်ခွဲ ဆက်ဆံရပါ့မလဲ ....

တွေးတောနေရသော ဒဿနများ

လားရှိုးမြို့
၂၆.၁၁.၂၀၁၄ ၁၂း၀၀ 

ငြိမ်းချမ်းခြင်းနဲ့ အခြားတစ်ဖက်



ငြိမ်းချမ်းခြင်း နဲ့ အခြားတစ်ဖက်
 
ကာလံ ဒေသံ ပယောဂ
ပစ္စုပ္ပန်ကို မြင်တတ်အောင်
တွေးကြ ပြောကြ ရေးကြ တွေ့ကြတဲ့အခါ
ကျင့်သားရလာတဲ့အခါ
ငြိမ်းချမ်းခြင်းကို
မြင်တတ် ကြားတတ် ခံစားတတ်လာလိမ့်မယ် …………………………

မငြိမ်းချမ်းတဲ့ ကာလ
မငြိမ်းချမ်းတဲ့ ဒေသ
မငြိမ်းချမ်းတဲ့ အခြေအနေ
မငြိမ်းချမ်းတဲ့ လက်ရှိတွေကို
ခံစားလာတတ်ရင်
ငြိမ်းချမ်းခြင်းရဲ့အနက်ကို
မင်း ပိုပြီး သိ မြင် ကြားတတ်၊
တန်ဖိုးထားတတ် ဖက်တွယ်ထားတတ်လိမ့်မယ် ……………

ငိုကြွေးကြတဲ့
ဆာလောင်နေတဲ့
ပူပြင်းနေတဲ့
အသံဆိုးတွေကြားနေတဲ့
လူသားတွေကြားမှာ
အော်ဟစ် တမ်းတ လွမ်းဆွတ်
သတိယစေတဲ့အရာ တစ်ခုက
ငြိမ်းချမ်းခြင်းဘဲ …………

အသက်တွေ တန်ဖိုးမဲ့တဲ့အခါ
အရာခပ်သိမ်း ဆုံးရှုံးစေတဲ့အခါ
အရာရာကို မေ့ပြစ်စေတဲ့အခါ
ကိုယ့်ကိုယ်ကိုအတွက် ခံစားတဲ့အခါ
လူတွေဆိုတဲ့ အသိမဲ့စေတဲ့အခါ
မြင်လေရာ ပျောက်ကွယ်စေတဲ့အခါ
မာန်တွေ တိမ်ပေါ်ရောက်စေတဲ့အခါ
နေ့နဲ့ ည ဆိုတဲ့ ပညတ်တွေ ပျောက်စေတဲ့အခါ
ငါတစ်ယောက်ထဲ
ခံစားမိတဲ့နေရာတစ်ခုက
ငြိမ်းချမ်းခြင်းရဲ့ အခြားတစ်ဖက်မှာ
ရှင်သန်နေပါလား ဆိုတဲ့ အသိတရားတစ်ခုပါ။

အဲဒီအချိန်မှာ
ကြားလိုက်ရတဲ့ ပဲ့တင်သံတစ်ခုက
မျိုးကြီးရဲ့ ရိုးရှင်းတဲ့ဘဝ ဆိုတဲ့ အသိတရားတစ်ခုပါ ………………………

ဂျပန်လူမျိုးတွေရဲ့
သဘာဝတရားနဲ့ ရိုးရှင်းစွာ ရှင်သန်ခြင်းဒဿနကို
တွေးကြည့်မိလာတယ် ……………

တောင်တကာတောင်ထက် မြင့်တဲ့ တောင်တွေရှိနေသလို
သမုဒ္ဒရာတကာထက် နက်တဲ့ သမုဒ္ဒရာ ရှိသလို
တောတကာတောထက် နက်တဲ့ တောတွေ
ဒီလိုတွေရှိနေမှာဘဲ ……………

မငြိမ်းချမ်းသော ငြိမ်းချမ်းခြင်းကို
အားလုံး ခံစား သိမြင် တွေ့ကြုံလာရင်
တစ်စိမ့်စိမ့်နဲ့ ပျောက်သွားတဲ့ ရေခိုးတွေလို
တိမ်အဖြစ်နဲ့ ပြန်မြင်လာရမှာပါ ………………

ပစ္စုပ္ပန်ကို တည့်တည့်ရှုမြင်နိုင်ကြပါစေ။
လောဘ၊ ဒေါသ၊ မောဟ မြင်နိုင် ကြားနိုင်ပြီး
ကင်းအောင် ကျင့်ကြံ သုံးနိုင်ကြပါစေ။

လားရှိုးမြို့
၂၅.၁၁.၂၀၁၄ ၀၉း၀၀ 

Tuesday, November 25, 2014

ဇာရီမှုကို ဆိုင်းငြံ့ခင်း


ဇာရီမှုများကို ဆိုင်းငံခြင်း

၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း
       ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံးတစ်ရုံးသည် လုံလောက်သော အကြောင်း တင်ပြလျှောက်ထားလာလျှင် အောက်ပါကိစ္စတစ်ရပ်ရပ် ဆောင်ရွက်စေနိုင်ရန် ဇာရီမှုကို သင့်လျော်သော ကာလထိ ဆိုင်းငံထားနိုင်သည်။
         က။ ဒီကရီချမှတ်သော တရားရုံး သို့မဟုတ် အတည်ပြုလျှက်ရှိသော ဒီကရီ သို့မဟုတ် ဇာရီမှု
              နှင့် ပတ်သတ်၍ အယူခံဝင်ခွင့်ရှိသော တရားရုံးတွင် ဇာရီမှုကို ဆိုင်းငံ့ပေးရန်အတွက်
              လျှောက်ထားနိုင်ရန်
         ခ။  ထိုတရားရုံးတစ်ရုံးရုံးတွင် ဒီကရီ သို့မဟုတ် ဇာရီမှုနှင့် စပ်လျဉ်း၍ အခြားအမိန့်တစ်ရပ်ရပ်
              ချမှတ်ပေးရန် ချမှတ်ပေးရန်အတွက် လျှောက်ထားနိုင်ရန်


၂။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၉ အရ ဆိုင်းငံ့ခြင်း

            ဇာရီမှု ဖွင့်ထားသည့်အချိန်တွင် တရားရှုံးက တရားနိုင်အပေါ် တရားရုံး တစ်ရုံးတည်းတွင်   
            အခြားတရားမမှု စွဲဆိုထားလျှင် ထိုအမှုပြီးပြတ်သည်အထိ ဇာရီမှုကို ဆိုင်းငံ့ နိုင်သည်။


၃။ တရားမကျင့်ထုံးအမိန့်- ၄၁ နည်း ၅ အရ ဆိုင်းငြံ့ခင်း
         အယူခံဝင်ခွင့်ရှိသော ဒီကရီအား အတည်ပြုခြင်းကို ဆိုင်းငံ့ထားပေးရန် လုံလောက်သော အကြောင်းပြချက်ဖြင့် ဒီကရီ ချမှတ်သော တရားရုံးသို့ အယူခံရက် မကျော်မီ လျှောက်ထားလျှင်ဖြစ်စေ၊ ဒီကရီကို အယူခံဝင်ပြီးနောက် အယူခံရုံးသို့ လျှောက်ထားလာလျှင် အောက်ပါ အချက်သုံးရပ်နှင့် ပြည့်စုံပါက ဒီကရီကို အတည်မပြုဘဲ ဆိုင်းငံ့ထားရန် အမိန့်ချမှတ်နိုင်သည်

       က။ ဆိုင်းငံ့မိန့် မပေးလျှင် လျှောက်ထားသူအား အတော်အတန် ဆုံးရှုံးနစ်နာမှု ဖြစ်ပေါ်နိုင်ခြင်း
         ခ။ မလျော်ကန်သည့် ကြန့်ကြမှုမရှိဘဲ လျှောက်ထားခြင်း
         ဂ။ လျှောက်ထားသူက နောက်ဆုံးတွင် ၎င်းအပေး ကျရောက်မည့် ဒီကရီ၊ သို့မဟုတ် အမိန့်
             အတိုင်း လိုက်နာဆောင်ရွက်မပ်ညမဟု အာမခံ ပေးသွင်းပြီးဖြစ်ခြင်း
မှတ်ချက်။    ဒီကရီိကို အယူခံဝင်ရာတွင် ဇာရီမှုကို ဆိုင်းငံ့ရန် မူလရုံးတွင် လျှောက်ားရန်ဖြစ်ပြီး
                မအောင်မြင်မှသာ အယူခံရုံးတွင် လျှောက်ထားရန် ဖြစ်သည်။
                ထို့ပြင် ဒီကရီကို အယူခံဝင်ခြင်း မပြုပါက ဇာရီမှုအား အမိန့် ၄၁၊ နည်း ၅ အရ ဆိုင်းငံ့ခြင်း
                မပြုရ။


၎။ တရားမကျင့်ထုံးဥပဒေ ပုဒ်မ- ၁၅၁ အရ ဆိုင်းငြံ့ခင်း
          တရားမျှတမှု ဖြစ်စေရန်အတွက် သို့မဟုတ် တရားရုံး၏ ယန္တရားကို အလွဲသုံးစားပြုခြင်း
တားမြစ်စေရန်အတွက် ဒီကရီအတည်ပြုခြင်းကို တရားရုံး၏ မူလဘူတအာဏာ (Inherent Power)
ကို ကျင့်သုံး၍ ဆိုင်းငံ့ထားနိုင်သည်။

၅။ ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ- ၁၅ (၁) အရ 
    ဆိုင်းငံ့ခြင်း


မေ့လျော့နေသော မှတ်စုတိုများ

 လားရှိုးမြို့
၂၅.၁၁.၂၀၁၄ အင်္ဂါနေ့

Monday, November 24, 2014

တစ်ချိန်သောအခါက

တစ်ချိန်သော အခါက

တစ်ချိန်သောအခါက
ညနက်နက်တွေမှာ
ကျွန်တော် တစ်ယောက်ထည်း
ဂီတာကို ကိုင်ယင်း
အော်လိုက် ဟစ်လိုက်
သံစဉ်တွေ ပျောက်တဲ့ညတွေကို
ဖြတ်သန်း ကျော်ဖြတ်ခဲ့ဘူးတယ် .....

တစ်ချိန်သောအခါက
ကျွန်တော် တစ်ယောက်တည်း
မိုက်မဲစွာနဲ့ လူပေါင်းများစွာကို
စိန်ခေါ်ပြီး ရိုက်နှက်ခဲ့ချိန်က
ခေါင်းမှာ သွေးချင်းချင်းနီနဲ့
အရက်ခွက်နဲ့ နာကျင်မှုတွေကို
ဖြေသိမ့်နေခဲ့ဘူးတယ် .....

တစ်ချိန်က
ချီးမွမ်းကြ ကဲ့ရဲ့ကြတဲ့
ချစ်ခဲ့တဲ့ မုန်းကြတဲ့
လူတွေ ကြားမှာ
ဆွံ့အ နားမကြား
အတိတ် ပစ္စုပ္ပန်မေ့လျော့ နေတဲ့
လူလို နေတတ်ခဲ့ဘူးတယ် ....

တစ်ချိန်က
သူတစ်ပါး ကျေးဇူးတွေကို
မမေ့လျော့အောင် နေခဲ့သလို
ကိုယ် ပြုခဲ့တဲ့ ကျေးဇူးတွေကို
လေနှင့်အတူ လွင့်ပစ်လိုက်တဲ့ လူတွေကို
ကြည့်ယင်း ပြုံးနေခဲ့မိတယ် ....

ကိုယ် ကောင်းကြောင်း
သူများ မကောင်းကြောင်း
ကျေးဇူးတရား ဆိုတာ ကိုယ်ဘဲပြုတတ်တယ် ထင်တဲ့
လူတွေကြားမှာ စကားလေးတစ်ခွန်းကို ကြားမိခဲ့တယ် ....

ကြားကြားသမျှ ပြုပြုသမျှ
ကောင်းမှုတွေကို နတ်လူ သာဓုခေါ်နိုင်ပါစေသား ဆိုတဲ့
ဆုတောင်းလေးတစ်ခုကို
တစ်ချိန်သောအခါက
ကြားသလို
အခုချိန်ထိ
ပြန်ကြားနေဆဲပါ .....


လားရှိုးမြို့
၂၄.၁၁.၂၀၁၄  တနင်္လာနေ့ ၁၅း၀၀

ငွေဒဏ် မပေးမဆောင် ပျက်ကွက်လေသောအခါ


ငွေဒဏ် မပေးမဆောင် ပျက်ကွက်လေသောအခါ


    ရာဇသတ်ကြီး ပုဒ်မ- ၈၊ ၆၄ မှ ၆၇ ထိ၊
    ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ- ၃၃၊
    တရားရုံးများ လက်စွဲ အပိုဒ် - ၆၈၂ မှ ၆၈၅ ထိ

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ- ၆၃ မှ ၇၀ ထိ နှင့် တရားရုံးများလက်စွဲအပိုဒ်- ၆၈၂ တို့အရ ငွေဒဏ် ချမှတ်ခြင်းခံရသူ၏ ငွေဒဏ်ထမ်းဆောင်နိုင်သော အခြေအနေကို ထိုက်သင့်စွာ မထောက်ထားဘဲ မည်သည့်အခါမျှ ချမှတ်ခြင်းမပြုရ။ 

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ- ၈ နှင့် တရားရုံးများလက်စွဲအပိုဒ်- ၆၈၂ တို့အရ များလွန်းသည့် ငွေဒဏ်များကို မချမှတ်စေရဟု ဥပဒေအရ တားမြစ်ထားသည်ကို သတိပြု၊ ရှောင်ကြဉ်ရမည်။

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ- ၆၅ နှင့် တရားရုံးများလက်စွဲအပိုဒ်- ၆၈၃ (၂) တို့အရ ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ် ထိုက်သည့်ပြစ်မှုဖြစ်လျှင် ငွေဒဏ် မပေးမဆောင် ပျက်ကွက်သည့်အတွက် ချမှတ် သည့်ထောင်ဒဏ်မှ ယင်းပုဒ်မ- ၆၅ အရ ထိုပြစ်မှုအတွက် အများဆုံးသတ်မှတ်သည့် ထောင်ဒဏ် ၏ လေးပုံ တစ်ပုံထက် မပိုရ။ ထောင်ဒဏ်ချမှတ်သည်ဖြစ်စေ၊ မချမှတ်သည်ဖြစ်စေ ဤနည်းဥပဒေ နှင့် သက်ဆိုင်ရမည်။ 
ထို့ပြင်ထောင်ဒဏ်ငွေဒဏ်နှစ်စ်ရပ်လုံးမဟုတ်ဘဲ ထောင်ဒဏ်တစ်ခုတည်း ဖြစ်စေ၊ ငွေဒဏ်တစ်ခု တည်းဖြစ်စေ၊ ချမှတ်နိုင်သည့်အမှုများနှင့်လည်း သက်ဆိုင်စေရမည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ- ၃၃(၁)(က) နှင့် တရားရုံးများလက်စွဲအပိုဒ်- ၆၈၃ (၃) တို့အရ ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်ထိုက်သည့် အမှုများတွင် ငွေဒဏ်တစ်ရပ်တည်းချမှတ်သောအခါ အထက်အပိုဒ်ခွဲ (၂) ပါ နည်းဥပဒေနှင့် မဆန့်ကျင်စေဘဲ မိမိရရှိသော သာမန်ရာဇဝတ်အခွင့် အာဏာ အကန့်အသတ်ထိ ထောင်ဒဏ်ချမှတ်နိုင်သည်။
          ဥပမာ။           ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ- ၃၇၉ ရိုးရိုးခိုးမှုတွင် ငွေဒဏ်သက်သက်စီရင်လျှင် ပထမတန်းရာဇဝတ်တရားသူကြီးက ထောင်ဒဏ် ၉ လ၊ ဒုတိယတန်းရာဇဝတ်တရားသူကြီးက ခြောက်လ၊ တတိယတန်းရာဇ၀တ်တရားသူကြီးက ၁ လ ချမှတ်နိုင်သည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ- ၃၃(၁)(ခ) နှင့် တရားရုံးများလက်စွဲအပိုဒ်- ၆၈၃ (၄) တို့အရ ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်လုံး စီရင်သည့်အချက်တွင် ငွေဒဏ် မပေးမဆောင် ပျုက်ကွက်သည့် အတွက် ချမှတ်သည့်ထောင်ဒဏ် ကာလအပိုင်းအခြားသည် ရာဇဝတ်တရားသူကြီး၏ မူရင်စီရင် ပိုင်ခွင့်အာဏာရှိသည့် ကာလအပိုင်းအခြား၏ လေးပုံ တစ်ပုံထက်မပိုချေ။ 

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ- ၆၇ နှင့် တရားရုံးများလက်စွဲအပိုဒ်- ၆၈၃ (၅) တို့အရ ငွေဒဏ်သက်သက် ထိုက်သင့်သော ပြစ်မှုဖြစ်လျှင် ငွေဒဏ် မပေးမဆောင်ပျက်ကွက်သည့်အတွက် တရားရုံးက ချမှတ်သည့်ထောင်ဒဏ်သည် -
          (က) အလုပ်မဲ့ထောင်ဒဏ် ဖြစ်ရမည်။
( ခ) ပြစ်မှုကျုးလွန်သူအား ငွေဒဏ် မပေးမဆောင်သည့်အတွက် တရားရုံးက ချမှတ်သည့် ထောင်ဒဏ်ကာလမှာ ကျပ် ၅၀ ထက် မပိုလျှင် ၂ လ ထက်မပိုစေရ၊ ကျပ် ၁၀၀ ထက် မပိုလျှင် ၄ လ ထက် မပိုစေရ၊ အခြားအချက်များတွင်  ၆ လ ထက် မပိုစေရ။
တတိယတန်းတရားသူကြီးများအနေဖြင့် ငွေဒဏ် မပေးမဆောင် ပျက်ကွက်သည့်အတွက် ထောင်ဒဏ် တစ်လ ထက်ပို၍ မချမှတ်နိုင်။ တရားရုံးများလက်စွဲ အပိုဒ်- ၆၆၅  

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ- ၆၆ အရ ငွေဒဏ် မပေး မဆောင် ပျက်ကွက်သည့်အတွက် ချမှတ်သည့် ထောင်ဒဏ်မှာ ပြစ်မှုအတွက် စီရင်နိုင်သည့် မည်သည့် ထောင်ဒဏ်မျိုးမဆို ဖြစ်နိုင်သည်။

ချွင်းချက်
တရားရုံးများလက်စွဲ အပိုဒ် - ၈၁၅ နှင့် ၆၈၃၊ ၆၈၄ နှင့် ၆၈၅ တို့အား ရည်ညွှန်း၍ အထက်ပါ နည်းဥပဒေများသည် ဆန့်ကျင် ကွဲလွဲသော အခြားပြဌာန်းချက် သို့မဟုတ် အထူး သို့မဟုတ် ဒေသန္တရဥပဒေပါ ပြဌာန်းချက်များ အတိအလင်းမရှိပါက မည်သည့်အမှုမျိုးတွင်မဆို စီရင်သည့် ငွေဒဏ်အရပ်ရပ်နှင့် သက်ဆိုင်စေရမည်။
ချွင်းချက်။       တရားရုံးများ လက်စွဲ အပိုဒ် - ၈၁၅ အား ရည်ညွှန်း၍ ရဲအက်ဥပဒေ ပုဒ်မ- ၄၇ ၏ ချွင်းချက်တွင် ဤနည်းဥပဒေကို ပျက်ပြယ်စေသည့် အတိအလင်း ပြဌာန်းချက် ပါရှိသည်။

တိမ်မယောင်နဲ့ နက်၊ လွယ်မယောင်နဲ့ ခက်၊ သတိပြုစရာ မှတ်သားစရာများကို သင်ပြခဲ့သော သင်မြင်ကြား သုံးလီဆရာများကို ကျေးဇူးရှိခိုး အောက်မေ့လျှက် …
မေ့လျော့နေသော မှတ်စုတိုများ
လားရှိုးမြို့
၂၄.၁၁.၂၀၁၄ တနင်္လာနေ့

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ