ပေတံ
သိပ္ပံပညာမှာ
သတ်မှတ်ချက်များအတွက်
အတိုင်းအတာ
အလျားအနံ
အမြင့် အကျယ်အ၀န်းတွေကို
စကေးကိုက် ပေတံများနဲ့
တိုင်းတာကြတယ်။
လူမှုပညာမှာ
လူတွေရဲ့အဆိုးအကောင်း
အရည်အချင်း လုပ်ရည်ကိုင်ရည်
စာမေးပွဲများ ရာထူးနေရာများကို
ကိုယ်သတ်မှတ်ချင်တဲ့ စကေးမရှိ
ပေတံများနဲ့ တိုင်းတာကြတယ်။
ကောင်းတယ်.....
ညံ့တယ်......
တော်တယ်.....
ရှော်တယ်.....
အတိအကျမဲ့
စကေးမရှိ
သတ်မှတ်မှုကင်းတဲ့
ပေတံတွေ အမျိုးမျိုးကို
ဘ၀မှာ တွေ့နေရမှာဘဲ.......
ဒီပေတံအတွက်
ဒီလို လုပ်လိုက်....
ဟိုပေတံအတွက်
ဟိုလို လုပ်လိုက်.....
လိမ့်လိုက် လူးလိုက်
တက်လိုက် ဆင်းလိုက်
ပြေးလိုက် လွှားလိုက်
နောက်ဆုံးတော့
သေဆုံးခြင်းကို ဖက်တွယ်မိမှဘဲ
အားလုံးသော ပေတံများကို အနိုင်နဲ့ ချိုးလိုက်တာပါဘဲ.......
လားရှိုးမြို့
၎.၇.၂၀၁၄ သောကြီာနေ့
Friday, July 4, 2014
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ယာယီတာဝရမ်း Temporary Injunction တရားမကျင့်ထုံး ဥပဒေ အမိန့် ၃၉ ယာယီတားဝရမ်းအား တရားမကြီးမှုတွင် လျှောက်ထားလာပါက ထိုအမှုတွင်သာ ဆောင်ရ...
No comments:
Post a Comment