အတွေးဟောင်းနဲ့ အတွေးသစ်
တစ်ချိန်က ....
ကျွန်တော် တရားရေး အဆင့် ၄ ဘ၀က
ခရိုင်နဲ့ ဒုခရိုင်ဆရာများက ပြောဘူးတယ်.....
ငါ့တပည့် အလုပ်ကို အကြွေးမထားနဲ့ .....
နေ့ချင်းပြီးလုပ်ပါတဲ့ ......
သူငယ်ချင်း လူတော်တစ်ယောက်က
သူ့ရုံးစားပွဲမှန်အောက်မှာ ရေးထားတဲ့စာလေးက .....
Do It Now......
ကိုယ်ကတော့ ကျောင်းသားဘ၀က
အင်္ဂလိပ်စာသင်တဲ့ဆရာက
ငယ်ငယ်က ပြောဘူးတယ် .....
Be Ready တဲ့
အချိန်တွေ ရာစု နှစ်ခုနီးပါး
တရားရေးထဲမှာ ကျင်လည်ခဲ့တော့
အလုပ်အကြွေးနဲ့ လူတွေအများကြီး
တွေ့လာမြင်လာရတယ် .......
ဆရာတွေက
ဆန်ဖြူသွားကျိုးနဲ့
ပင်စင်ရုံးမှာ တိုးနေကြပေမဲ့
သူတို့ရဲ့ သီအိုရီဟောင်းတွေက ပေးလာတဲ့
အတွေးဟောင်းတွေက မှန်နေတုန်းပါဘဲ
တတ်သယောင် သိသယောင်
လုပ်သယောင် နေသယောင်နဲ့
လူတွေရဲ့ကြားမှာ
ငါဟာ သင်ယူနေတုန်းပါလားဆိုတဲ့ အသိက ပေးလာတဲ့
အတွေးသစ်ကလည်း မှန်နေအုံးမှာဘဲ
၁၄.၇.၂၀၁၄ ရက်နေ့
လားရှိုးမြို့
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ယာယီတာဝရမ်း Temporary Injunction တရားမကျင့်ထုံး ဥပဒေ အမိန့် ၃၉ ယာယီတားဝရမ်းအား တရားမကြီးမှုတွင် လျှောက်ထားလာပါက ထိုအမှုတွင်သာ ဆောင်ရ...
No comments:
Post a Comment