Tuesday, July 15, 2014

ကာလံ ဒေသံ ရဲ့ အမှန် နဲ့ အမှား



နေရာတစ်နေရာမှာ
အချိန်တစ်ခုကို
ဖြတ်သန်းတဲ့အခါ
ဖြတ်သန်းနေတဲ့ ဖြတ်သန်းနေဆဲမှာ
အမှန်တွေနဲ့ ဖြတ်သန်းနေပေမဲ့ …………

နေဝင် မိုးချုပ် အချိန် နေရာများစွာကို
ဘဝရဲ့ စာမျက်နှာများစွာကို
ဖြတ်သန်းခဲ့တဲ့အခါ
မှန်တယ်ထင်တာတွေက အမှား ဖြစ်သွားသလို
မှားတယ်ထင်တာတွေက အမှန် ဖြစ်သွားတတ်ပါတယ် …………

ဒါပေမဲ့
ဖြတ်သန်းမဲ့ ဖြတ်သန်းတဲ့ ဖြတ်သန်းဆဲ
အရာအားလုံးကို
ကံ၊ ဉာဏ်၊ ဝီရိယ၊ ဥတု နဲ့ အာဟာရ ဆိုတာတွေနဲ့
အကောင်းဆုံး အမှန်ဆုံးလမ်းကို လျှောက်ခဲ့ကြတာပဲ

ကာလံ ဒေသံ မတူညီတဲ့အခါ
မှန်တာ မှားတာ တွေကို
ဆုံးဖြတ်နိုင်တဲ့ ပိုင်ဆိုင်ခွင့်ကို
ရွေးချယ်လို့ ရနိုင်ပါ့မလား ………

ကိုယ်တိုင်ရေး 
၁၅.၇.၂၀၁၄  လားရှိုးမြို့

No comments:

Post a Comment

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ