Tuesday, July 22, 2014
မြင်နေရသော အတွေးများ ........
တစ်နေ့က ...
အတွေးတစ်ခုရလာတယ် .......
လူတွေ စကားသံတွေက ပဲ့တင်လာတာပေါ့ဗျာ ......
ဒီနေရာမှာ
နေချင်ရင်လည်း နေချင်မှနေရမယ် .......
ရွေ့လျားတဲ့ အလျင်နဲ့ စီးမျောသွားလိမ့်မယ် .......
ဒီနေရာက
သွားချင်လည်း သွားချင်မှ သွားရမယ် ......
တားဆီးထားတဲ့ အကာတွေနဲ့ ရပ်နေလိမ့်မယ် ......
ကိုယ်လုပ်ခဲ့တာတွေ
ကိုယ် ချန်ထားတာတွေ
ကိုယ် ထားခဲ့တာတွေ
ကောင်းတာ မကောင်းတာ
ဆိုးတာ မိုက်တာ
သမိုင်းက ဆုံးဖြတ်ပါလိမ့်မယ် .........
လူဆိုတာ
လူသားဆန်တဲ့
အတွေး အသိ အလိမ္မာ
ရှိနေကြတဲ့ လူသားပါဘဲ ..........
နေချင်လို့ သွားခဲ့ရတာတွေ ............
သွားချင်ရက်နဲ့ နေခဲ့ရတာတွေ ............
မနေမနား သွားနေရတာတွေ ................
မနေမနား ရပ်နေခဲ့တာတွေ ..................
ဒါတွေအတွက်
ကိုယ်က ဆုံးဖြတ်ခဲ့တဲ့
အတွေးသိ အလိမ္မာ နဲ့
ပျော်ပျော်သာ
ဘဝကြီးကို ပြုံးပြလိုက်ပါ .................
အားလုံးဟာ
သမိုင်းမှာ ကျန်တွယ်ရစ်နေမှာပါ ..................
၂၂.၇.၂၀၁၄ ရက်နေ့ အင်္ဂါနေ့
လားရှိုးမြို့
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ယာယီတာဝရမ်း Temporary Injunction တရားမကျင့်ထုံး ဥပဒေ အမိန့် ၃၉ ယာယီတားဝရမ်းအား တရားမကြီးမှုတွင် လျှောက်ထားလာပါက ထိုအမှုတွင်သာ ဆောင်ရ...
No comments:
Post a Comment