ကျွန်တော် တစ်နေ့က
ကြားခဲ့ရတဲ့ အကြောင်းလေးတစ်ခုပါ ....
လူတွေက
ကိုယ်နေရာထက် နည်းနည်းမြင့်ရင်
နည်းနည်း မနာလိုသလို မကောင်းပြောသလိုနဲ့ .........
များများသာမြင့်ရင်တော့
သူ့လောက် မတတ် မတော်နဲ့ပေါ့ဗျာ .........
အချိန်ဆိုတာ
အကောင်းဆုံး သတ်မှတ်ပေးတဲ့ ပေတံ တစ်ချောင်းပါ .....
တိုင်းတာခြင်းရဲ့ သတ်မှတ်စေလိုသူရဲ့ အခြေအနေအတိုင်းပါ ....
ကျွန်တော်လေ
ငယ်ငယ်ထဲက ခံယူထားခဲ့တာက
နေရာတစ်ခုရဲ့ သတ်မှတ်ချက်နဲ့ အနည်းဆုံးအရည်အချင်း ရှိနေရမယ် .....
ဘယ်သူတွေ ဘယ်လောက်တော် ... ဘယ်လောက်တတ် ......
ကိုယ့်အရည်အချင်းဟာ ဘယ်အချိန် တစ်ရေးနိုးတောင်မှ ကိုက်ရမယ် ......
တစ်ပြေးညီဖြစ်ရမယ် ......
သူများတော်တာ တတ်တာကိုလည်း အသိအမှတ်ပြုရမယ် .....
သူတို့က ဘယ်လိုသဘောထား ဘယ်လိုရှိရှိပါ ......
သူများတွေ စံကျော်တာကို လေ့လာရမယ် .......
မနာလိုတာ မရှိဘဲ ရိုးရှင်းတဲ့ အသိနဲ့ပေါ့ ......
နားလည်တတ်အောင် ကြိုးစားခြင်းနဲ့
နာလိုမှု ကင်းတဲ့ ပေတံတွေနဲ့
လောကကို ရိုးသားစွာ ရှင်းလင်းဖြတ်သွားနိုင်ရင်
လောကကြီးက
နေရာတိုင်းမှာ ...
အပြုံးတွေနဲ့ ဝေဆာနေမှာပါ ........
လားရှိုးမြို့ တစ်နေရာ
၂၈.၇.၂၀၁၄ .......
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ယာယီတာဝရမ်း Temporary Injunction တရားမကျင့်ထုံး ဥပဒေ အမိန့် ၃၉ ယာယီတားဝရမ်းအား တရားမကြီးမှုတွင် လျှောက်ထားလာပါက ထိုအမှုတွင်သာ ဆောင်ရ...
No comments:
Post a Comment