Wednesday, July 2, 2014

ယနေ့ ကျွန်တော့်အတွေးသစ်....

ကြုံရ ဆုံရ ကျွန်တော့်ဘဝ

တရားရေးကို ၀င်ခါစက
ဆိုးသွမ်း ရမ်းကားတယ်ဆိုတဲ့ ဆရာတစ်ယောက်က
တရားရုံးများလက်စွဲကို ဘာသာစကားနှစ်မျိုးနဲ့ မွှေနှောက်သင်ကြားပေးခဲ့တယ်....
သူ အရက်မူးနေချိန်မှာပါ..........

နောက်တစ်ခါ
ဝန်ထမ်းကနေ အရာရှိဖြစ်လာတဲ့ဆရာတစ်ယောက်က
မူသေစာအုပ်နဲ့ အမှုတွဲ စီစဉ်တာကို သင်ကြားပေးခဲ့တယ်......
သူ တရားထိုင်ပြီးချိန်မှာပါ...........

နောက်တစ်ဆင့်တက်တော့
ဝန်ထမ်းအကြီးအကဲတစ်ဦးက
နေပုံ ထိုင်နည်းနဲ့ မင်္ဂလာဆုတောင်းကို သင်ပေးခဲ့တယ်.....
သူ နေ့လည်စာ သုံးဆောင်ပြီးချိန်မှာပါ.......

 ရန်ကုန်ရုံးချုပ်တုန်းက
ညွှန်မှူး တစ်ယောက်က
ရခိုင်သံဝဲ၀ဲနဲ့ ပြစ်မှုတစ်မှုရဲ့ ကျောရိုးနဲ့ အနှစ်ချုပ်တဲ့နည်းလမ်းကို သင်ပေးခဲ့တယ်...
နေ့လည်ပိုင်း လက်ဖက်ရည်သောက်ရင်းနဲ့........

တစ်နေရာရောက်တော့
ခရိုင်ဆရာတစ်ဦးက
မွှေနှောက်ရှာထားတဲ့ မှတ်စုအပြဲထဲကနေ
ရှားရှားပါးပါး စီရင်ထုံးနဲ့ အတွေးအခေါ်တစ်ချို့ကို သင်ပေးခဲ့ဘူးတယ်........
သူ အပျင်းပြေစကား ပြောပြီးချိန်မှာပါ......

တကယ် လေးစားလောက်တဲ့ ပညာတွေ အမျိုးမျိုးကို ရခဲ့ပါတယ်......

ဒါပေမဲ့
အခုချိန်မှာ
ပင်စင်စား ဆရာအိုများက
ရှမ်းတောင်ကို အပြောင်းမှာ
မင်း အငယ်တွေကို သင်ပါတဲ့။
ဒါပေမဲ့
နာယူတတ်မှ ရမှာပါ။
သူတို့ ကိုယ်တိုင်ပေါ့......

No comments:

Post a Comment

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ