၁၉၈၅ တက္ကသီလာအလွမ်းများ
တက္ကသီလာကို
၁၉၈၅ ခု ဒီဇင်ဘာဆန်းတစ်ရက်မှာ
ရောက်ခဲ့တယ်
အညာသားလေးတစ်ယောက်
ရန်ကုန်နဲ့ အဆောင်နေဘဝကို
လိုက်လျောညီအောင်
ကြိုးစားနေတတ်အောင် နေဖို့
အသွင်သစ်တွေနဲ့ပေါ့
နယ်ပေါင်းစုံက သူငယ်ချင်းတွေ
အသွင်တွေ မျိုးနွယ်တွေ
ပုံစံတစ်ကျ
ပြောတတ်ဆိုတတ်အောင်
ငါ ကြည့်နေခဲ့တယ် .....
ဘာလိုလိုနဲ့
၁၉၉၃ ခုနှစ်မှာ ကျောင်းပြီးခဲ့တော့
၂၂ နှစ်ဆိုတဲ့ကာလကို
လမ်းအထွေထွေ ဘဝအမျိုးမျိုးနဲ့
ဖြတ်လျှောက်ခဲ့ကြတယ် .....
ပျောက်တဲ့သူ ပျောက်
သေတဲ့သူ သေ
မကျန်းမာတဲ့သူ ချိနဲ့
အောင်မြင်တဲ့သူ
ရှင်သန်နေတဲ့သူ
စီးပွားရေးရေယာဉ်မှာ ကူးခတ်နေတဲ့သူ
အစိုးရဝန်ကို ထမ်းနေတဲ့သူ
လူတွေ
ဘဝတွေနဲ့
ရုန်းကန် စီးမျောနေကြဆဲ
ဥပဒေပညာပေးခဲ့တဲ့
ဆရာတွေလည်း
ကွယ်လွန်တဲ့ဆရာတွေ
ရေခြားမြေခြားရောက်နေတဲ့ ဆရာတွေ
အငြိမ်းစာဘဝနဲ့ ပျော်နေတဲ့ ဆရာတွေ
အလုပ်ပြောင်းသွားတဲ့ ဆရာတွေ
သားသမီးသဖွယ် ဆုံးမ သွန်သင်ခဲ့တဲ့ ဆရာတွေ
လူကောင်းမဟုတ်ရင်တောင်မှ လူမွန်ဖြစ်အောင် သင်ခဲ့တဲ့ဆရာတွေ
၃.၁.၂၀၁၅ ရက်နေ့မှာ အာစရိယပူဇော်ခဲ့ကြတယ် ....
ဘယ်လို ဘယ်ဘဝကို
စီးမျောယင်း ကူးခတ်ယင်း
စုန်ဆင်းယင်း ဆန်တက်ယင်း
ရှင်သန်နေသမျှ
နှစ်ပေါင်းများစွာ ရင့်ရော်လာပေမဲ့
ဆရာ ဆိုတာက ဆရာပါဘဲ .............
ဆိုးဖက် တေဖက် သောက်စားဖက် သူငယ်ချင်းများကို
ရိုးသား ခင်မင် အနစ်နာခံခဲ့သော သူငယ်ချင်းများကို
စာကျက် မုန့်စား ကော်ဖီသောက်ခဲ့တဲ့ သူငယ်ချင်းများကို
ဂစ်တာနဲ့ အော်ခဲ့တဲ့ သူငယ်ချင်းများကို
ဘဝခြားလေသော သူငယ်ချင်းများကို
အမြဲ အောက်မေ့ တမ်းတ သတိယလျှက်
ထွန်းထွန်းအောင်
လားရှိုးမြို့
၁၃.၁.၂၀၁၄ ရက်နေ့ အင်္ဂါနေ့ ၁၆း၀၀
Tuesday, January 13, 2015
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ယာယီတာဝရမ်း Temporary Injunction တရားမကျင့်ထုံး ဥပဒေ အမိန့် ၃၉ ယာယီတားဝရမ်းအား တရားမကြီးမှုတွင် လျှောက်ထားလာပါက ထိုအမှုတွင်သာ ဆောင်ရ...
ကျနော်က ၂၀၁၃-၁၈ ထိပါ..ဆရာ့စာကိုဖတ်တော့ သတိရပီး ၀မ်းနည်းမိတယ် 😅😅
ReplyDelete