ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့်ဂျပန်အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International Cooperation Agency -
JICA) တို့ ပူးပေါင်း၍ အသိဉာဏ်ပစ္စည်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ
ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် Park Royal Hotel ဟိုတယ်၌
ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ ထိရောက်သော အသိဉာဏ်ပစ္စည်းဆိုင်ရာ အငြင်းပွားမှုဖြေရှင်းရေးစနစ် တည်ထောင်ရန်အတွက် လိုအပ်သည့် အသိဉာဏ်ပစ္စည်းဆိုင်ရာ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း နှင့် ကုန်အမှတ်တံဆိပ်ချိုးဖောက်မှု နမူနာမှုခင်းလေ့လာခြင်းတို့ကို ဆွေးနွေးမည်ဖြစ်ပါသည်။ ဆွေးနွေးပွဲသို့ JICA ဖက်မှ ပညာရပ်ဆိုင်ရာကျွမ်းကျင်သူများဖြစ်သည့် ပါမောက္ခ Mr. KUMAGAI Kenichi နှင့် ရှေ့နေ Mr. ONODERA Yoshifumi ၊ JICA ဥပဒေအကြံပေးများ နှင့် တာဝန်ရှိသူများတက်ရောက်ပြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် အသိဉာဏ်ပစ္စည်းဆိုင်ရာလုပ်ငန်းအဖွဲ့ဝင်များအပါအဝင် စုစုပေါင်းတရားရေးအရာရှိ ၂၂ ဦး တက်ရောက်ကြသည်။
သြဂုတ်လ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်းအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး နှင့် JICA တို့ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ထိရောက်သောအသိဉာဏ်ပစ္စည်းဆိုင်ရာ အငြင်းပွားမှုဖြေရှင်းရေးစနစ် တည်ထောင်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:
Post a Comment