Monday, November 19, 2018

အတိတ်မှာ ငုတ်တုတ်မေ့သူများ


ငုတ်တုတ်မေ့သူများ
တစ်ချို့တွေက
သူများတွေကို
ဝေဖန် အပြစ်ပြော
နှိမ်သလိုလိုနဲ့
လုပ်နေကြလေရဲ့
ကိုယ်တိုင်ကရော
ကိုယ့်ကိုယ်ကို
ဘာတွေ တော်နေလဲကိုရော
စဉ်းစားမိကြရဲ့လား
ကိုယ့်အလုပ်ကျတော့
ကိုယ်မလုပ်ကြဘဲ
သူတစ်ပါး အပြစ်တင်နေကြလေတော့
ကြည့်ရတာ သနားလိုက်တာ ဗျာ
လူဆိုတာ သူ့ပညာနဲ့ သူ့အလုပ်ပါ
တစ်ဖက်သားကို
သိပ်အထင်သေးလွန်းတာ
ကိုယ့်ကိုယ့်ကို
သိပ်အထင်ကြီးလွန်းတာ
အစွန်းနှစ်ပါးကို
တစ်ခါထဲ ထိုင်မိနေတာပါ
အလယ်က သမာသမတ်နဲ့တွေ့ရင်
သေသွားမယ် ရှင်သွားမယ်
ကိုယ်မရှိလဲ
အလုပ်သံသရာတွေက
သူ့နေရာ လူတွေနဲ့
လည်ပတ်နေမှာပါ
ခင်ဗျား မရှိလဲ
လောကကြီးက
ဆက်သွားနေမှာပါ

မောင်ထွန်း (တရားရေး)

No comments:

Post a Comment

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ