Monday, November 19, 2018

ဒါဟာ တကယ့်ဝန်ထမ်းဘဝတွေပါ


အိုဘယ့်
ဒီလကုန် သမီး MTU စတက်တော့မယ်
သူ့အတွက် လိုတာတွေကို စွမ်းသမျှ
အဖေဆိုတော့ လုပ်ပေးရမယ်
အဆင့် တစ်ဖြစ်ထဲက နှစ်လစာဘဲ
ထုတ်ခဲ့ပါတယ်
လစာတိုးတော့လည်း သုံးသိန်းဘဲထုတ်တယ်
ခြားနားထွက်သမျှ စုငွေကို
သူကျောင်းသွားရင် မုန့်ဘိုးပေးမလို့ပါ
ကျနော်က တစ်လ တစ်သိန်းဘဲ သုံးတယ်
မီတာ ရေဖိုးလဲ ကျနော်ဘဲ
ကိုယ့်ဘဝနဲ့ ကိုယ်လောက်အောင်နေတယ်
ကိုယ်လုပ်ချင်တာ ယုံကြည်သလိုလုပ်တယ်
ဘာမှ မရှိလဲ နေတတ်ပါတယ်
ပျော်အောင်လဲ နေတတ်ပါတယ်
တစ်ခါက ဘုမသိကလေးတစ်ယောက်က
သေတတ်ပြီလား တဲ့
မှတ်ထား သေမလိုလို ခဏခဏကြုံခဲ့တယ်
မသေလို့ နေတတ်အောင် ပျော်အောင်နေတယ်လို့
မောင်ထွန်း

No comments:

Post a Comment

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ