အံ့သြစရာ တိုက်ဆိုင်မှုတစ်ခု
လွန်ခဲ့သော ဆယ်စုနှစ်ကျော်က
ဥပဒေတစ်ခုကို နိုင်ငံခြားပညာရှင်က
ပြစ်ပြစ်နှစ်နှစ် ဝေဖန်တဲ့ဆောင်းပါးလေးတစ်ပုဒ်ကို
အင်တာနက်က ကြိုးစားပမ်းစားနဲ့
နားလည်နိုင်အောင် မနည်းဖတ်ဖူးခဲ့ပါတယ်
တစ်လောက အစည်းအဝေးတစ်ခုတက်တော့
ညဖက် ကော်ဖီသောက်နေတုန်း
နိုင်ငံတကာဥပဒေပညာရှင်ဆိုသူ ခပ်ငယ်ငယ်တစ်ယောက်က
ဝိုင်ခွက်ကိုင်ရင်း လာဆွေးနွေး မေးချင်တယ်ဆိုပြီး
စကားပြောဖြစ်ခဲ့ပါတယ်
သူ့ရဲ့အတွေ့အကြုံနဲ့ အသက်က ကျနော့ထက် ငယ်ပါတယ်
ကျနော်တို့တွေဟာ အရေးအခင်းကာလကြောင့်
ကျောင်းပြီးတာ နောက်ကျခဲ့ပါတယ်
ပြောရင်းပြောရင်းနဲ့ နာရီဝက်လောက်နေတော့
သူပြောနေတာတွေကို ကိုယ်က သိသလိုဖြစ်လာပါတယ်
ကွန်ပြူတာကနေ စကားပြောရင်းရှာလိုက်တော့
ကျနော် ဖတ်ဖတ်နေသော ဆောင်းပါးရှင်ပါ
အဲဒါနဲ့ အင်တာနက်ထဲကနေ မင်းလားလို့ ပြလိုက်ပါတယ်
သူက လန့်သွာြး့ပီး ထ ကြည့်ပါတယ်
မင်း အဲဒီဆောင်းပါးလေးကို ဖွင့်လိုက်ပါလို့
သူက ချက်ခြင်း သူ့စက်လေးကို ဖွင့်လိုက်ပါတယ်
ကျနော့ကို လက်ထဆွဲပါတယ် ဟိုးလား ဟိုးလား ဟားဟားနဲ့
သူ့ဆောင်းပါးရဲ့ ပထမဆုံး ဝေဖန်ထားသော Comment က
tun tun aung ဆိုတော့ သူ လန့်သွားပါတယ်
သူ့ရဲ့ ဆောင်းပါးတော်တော်များများမှာ ကျနော့လမှတ်ချက်လေးတွေ ရှိနေပါတယ်
Wo My Godness!! Amazing!! Who really you are?
I'm ordinary judge in Myanmar... not expert of any international law or foreign law ......Nothing more, nothing less.
သူ့အရေးအသားလေးတွေကို တကယ်နှစ်သက်ခဲ့ပါတယ်
ကျနော်က ဓာတ်ပုံမမြင်တော့ ခေါင်းဖြူဖြူနဲ့ အသက်ကြီးကြီးတစ်ယောက်ထင်ထားတာပါ
ကျနော့ထက် အများကြီးငယ်လို့ လေးလေးစားစား နှုတ်ဆက်ခဲ့ပါတယ်
တကယ့်ကို တိုက်ဆိုင်မှုပါ
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ပြစ်ချက်ဟောင်း တွဲ၍စွဲဆိုလျှင် (ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၇၅) ပြစ်ချက်ဟောင်းတွဲရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၁ နှင့်အညီ တရားရံ...
No comments:
Post a Comment