တရားရုံးနှစ်စဉ်အစီရင်ခံစာထုတ်ပြန်ခြင်းသည်
တရားစီရင်ရေးအပေါ် ပြည်သူတို့၏ယုံကြည်မှုနှင့် တရားရုံး၏တာဝန်ခံမှုအတွက်
အရေးကြီးသည့်ဆောင်ရွက်မှုဖြစ်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
နေပြည်တော် ဇွန် ၂၁
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏၂ဝ၁၆ ခုနှစ် တရားရုံးနှစ်စဉ် အစီရင်ခံစာ စာအုပ်မိတ်ဆက်ရှင်းလင်းပွဲနှင့် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂ဝ၁၈-၂ဝ၂၂) ရေးဆွဲရေးအတွက် မြန်မာတရားမျှတမှုကဏ္ဍမှ သက်ဆိုင်သူများနှင့် ဆွေးနွေးပွဲအခမ်းအနား ကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော် Royal ACE ဟိုတယ်တွင် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍအတွက် ပထမဆုံးသော တရားရုံးနှစ်စဉ် အစီရင်ခံစာကို ထုတ်ပြန်နိုင်ပြီဖြစ် ကြောင်း၊ အစီရင်ခံစာတွင် တရားရုံးများ၏ တိကျသည့် ကိန်းဂဏန်းအချက်အလက် များ၊ ဆောင်ရွက်ချက်များနှင့် မဟာဗျူဟာစီမံကိန်း အကောင်အထည် ဖော်မှုတို့ကို ဖော်ပြထားသည့်အတွက် မြန်မာတရားရုံးလုပ်ငန်းများနှင့် တရားရုံး ၏ အခန်းကဏ္ဍအပေါ် ပြည်သူများ အထူးသဖြင့် တရားမျှတမှုကဏ္ဍမှ အကျိုး သက်ဆိုင်သူများနှင့် ပြည်ပအသိုင်းအဝိုင်း များကပါ ပိုမိုသိရှိနားလည်လာစေမည် ဖြစ်ကြောင်း။
တရားရုံး နှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်ခြင်းသည် တရားစီရင်ရေးအပေါ် ပြည်သူတို့၏ ယုံကြည်မှုနှင့် တရားရုံး၏ ဆောင်ရွက်မှုများအပေါ် တာဝန်ခံမှုတို့ အတွက် အရေးကြီးသည့် ဆောင်ရွက်မှု ဖြစ်၍ စံချိန်စံòန်းများနှင့်အညီ ပိုမို ပြည့်စုံကောင်းမွန်အောင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ယခုနှစ်သည် တရားစီရင်ရေးမဟာဗျူဟာ စီမံကိန်း (၂ဝ၁၅-၂ဝ၁၇)၏ တတိယနှစ် ဖြစ်၍ ရည်မှန်းချက်များပြည့်မီစေရေး ဆောင်ရွက်နေသည့်နည်းတူ တရားစီရင် ရေးမဟာဗျူဟာစီမံကိန်း (၂ဝ၁၈-၂ဝ၂၂) ရေးဆွဲနိုင်ရေးအတွက်လည်း ပြင်ဆင်နေကြောင်း။
တရားစီရင်ရေးသည် တရားမျှတမှု ကဏ္ဍတွင်ပါဝင်၍ တရားဥပဒေစိုးမိုးရေး ၏ အစိတ်အပိုင်းဖြစ်ကြောင်း၊ တရားမျှတ မှုကဏ္ဍမှ အကျိုး သက်ဆိုင်သူများက 'တရားမျှတရေး အတူတကွမြှင့်တင်ပေး'(Advancing Justice Together)ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အသစ် ရေးဆွဲမည့် မဟာဗျူဟာ စီမံကိန်းအတွက် အားလုံးပါဝင်ဆွေးနွေးကြရန်နှင့် မြန်မာ နိုင်ငံတရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များတွင် အတူတကွ ပါဝင် ဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ၂ဝ၁၆ ခုနှစ် တရားရုံး နှစ်စဉ် အစီရင်ခံစာ စာအုပ်မိတ်ဆက် ရှင်းလင်းပွဲနှင့် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂ဝ၁၈-၂ဝ၂၂) ရေးဆွဲရေးအတွက် မြန်မာတရားမျှတ မှုကဏ္ဍမှ သက်ဆိုင်သူများနှင့် ဆွေးနွေး ပွဲတို့ကို ဆက်လက်ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်၊ ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ ဆန်းစစ် လေ့လာသုံးသပ်ရေးကော်မရှင်၊ တရား စီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးဆိုင်ရာ ကော်မတီ၊ နိုင်ငံသားများ၏ မူလအခွင့် အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ ကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာသံရုံးများမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံ တကာ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အစိုးရဌာနများနှင့် လူမှုအဖွဲ့အစည်းများမှ တရားမျှတမှု ကဏ္ဍနှင့် သက်ဆိုင်သူများ တက်ရောက် ကြသည်။
အခမ်းအနား တက်ရောက်သူများ သို့ ၂ဝ၁၆ ခုနှစ် တရားရုံးနှစ်စဉ်အစီရင် ခံစာ စာအုပ်များ ဖြန့်ဝေခဲ့ကြောင်း၊ အဆိုပါ အစီရင်ခံစာကို facebook: ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံး၊ ပြည်သူ့ဆက်ဆံရေးဌာနခွဲနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ website: http://www.unionsupe-tmecourt.gov.mm/ တို့တွင် ရယူနိုင် ကြောင်းနှင့် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂ဝ၁၈-၂ဝ၂၂) အတွက် အကြံပြုချက်များကို ၂ဝ၁၇ ခုနှစ် သြဂုတ် ၁၅ ရက်အထိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ တရားစီရင်ရေး ဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂ဝ၁၈-၂ဝ၂၂ ခုနှစ်) ရေးဆွဲရေးလုပ်ငန်းအဖွဲ့၏ email;ousc.planningteam@gmail.com သို့ ပေးပို့နိုင်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
https://www.facebook.com/MOIWebportalMyanmar/photos/a.328140600647146.1073741828.318455204949019/1234912989969898/?type=3

No comments:
Post a Comment