သူငယ်ချင်း
ကျွန်တော်
တက္ကသီလာ
ုမြကျွန်းသာကို
ရောက်ခဲ့တုန်းကပေါ့ဗျာ
သူတစ်ပါးကို
ရိုးသားခင်မင်
ကူညီတဲ့သူတွေနဲ့
ပေါင်းခဲဘူးတယ် .....
ဂစ်တာခေါက်
အရက်သော်
မူးယစ်ပျော်ပါး
သီချင်းတွေ သီဆိုဘူးတယ် .....
ရှေ့မှတစ်မျိုး
နောက်ကွက်ကျဆိုး
အကျင့်ယုတ်နဲ့
လူတွေကို ကြုံဘူးတယ် .....
နိုင်ငံရေးကိုချစ်တဲ့
ပန်းချီကိုချစ်တဲ့
ယုံကြည်ရာမှာ
စီးမျောတဲ့သူတွေ
အဖုံဖုံပါဘဲ .....
ဆင်းရဲ ချမ်းသာ
အရပ်ရှည် ပုတို
ဝတုတ် ပိန်ညှောင်
သဏ္ဍန်ကွဲ
စိတ်မတူ
မွေးနေ့တွေ ကွဲ
လူတွေအများကြီးပါဘဲ .....
ချစ်ခင်သလို
ခင်တွယ်သလို
တွယ်တာသလို
အားကိုးသလို
အမျိုးမျိုးနဲ့
ဒဿဂီရိတွေလို နေတတ်ခဲ့ရတယ် .....
သူငယ်ချင်းဆိုတာ
ကောင်းတာ
ဆိုးတာ
ရွေးချယ်ပိုင်ခွင့် မရှိ
တားဆီးပိုင်ခွင့် မရှိ
အားလုံးဟာ
လူသားနှလုံးသားနဲ့ အရင်းခံပြီး
ပေါင်းသင်းရမှာ လောကရဲ့အမှန်တရား .......
၁၉၈၅ ၁၉၉၃ ဥပဒေ ဘွဲ့ရ
အင်းဝဆောင်မှ သူငယ်ချင်းများသို့ တမ်းချင်း
လားရှိုးမြို့
၎.၂.၂၀၁၅ ဗုဒ္ဓဟူးနေ့
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ယာယီတာဝရမ်း Temporary Injunction တရားမကျင့်ထုံး ဥပဒေ အမိန့် ၃၉ ယာယီတားဝရမ်းအား တရားမကြီးမှုတွင် လျှောက်ထားလာပါက ထိုအမှုတွင်သာ ဆောင်ရ...
No comments:
Post a Comment