အသံလေးတစ်ခု
အင်တာနက်က ကျနေတော့
ကျွန်တော့်အသံလေးတစ်ခု
တိုးတိတ်နေတာ တော်တော်ကြာသွားတယ် ....
၉.၂.၂၀၁၅ ရက်နေ့က စပြီး
မြန်မာရဲ့ အရှေ့မြောက်မှာ
ယမ်းခိုးဝေ သေနတ်သံ
အမြောက်သံ လေယာဉ်သံ
ရဟတ်ယာဉ်သံတွေ
လူသားတွေရဲ့ ငြီးတွားသံ
အော်သံတွေ
အင်တာနက်က ပျံလွင့်လာတဲ့အသံ
ပေါင်းစုံနဲ့ ကျွန်တော် အလုပ်ရှုပ်နေတယ် ...
လူမှုကွန်ယက်ကြောင့်
၁၃.၂.၂၀၁၅ ရက်နေ့
ကျွန်တော့်ရဲ့ ချွေးနဲစာလေးနဲ့
စစ်ဘေးရှောင် ဆရာ၊ ဆရာမများအတွက်
ဆန် တစ်အိတ်၊ ဆီတစ်ပုံး၊ ရေသန့်ဘူးများနဲ့
မှတ်မှတ်ယယ ၁၀၀ နှစ်ပြည့်မှာ
လှူလိုက်တယ်ဗျာ .....
အများကြီးမဟုတ်ပေမဲ့
ကန္တာရက ရေကြည်တစ်ပေါက်လောက်ပေါ့ .....
ရှမ်းမြောက်လမ်းတွေဟာ
သရဲခြောက်တယ်ဆိုတဲ့
မလုံခြုံသလို ကျီးလန့်စာစား
သွားလာနေရပြီး
အခုထိလည်း ........
အရာရာဟာ
သမိုင်းတစ်ပတ်လည်သလိုဘဲဆိုတာ
ကလေးတုန်းက ကျွန်တော်ဟာ
ဆုံးသွားတဲ့အဖေကို
မျက်စိစုံမှိတ် ငြင်းခဲ့ဘူးတယ် ....
အခုတော့
တစ်ဘဝခြားတဲ့ အဖေပြောတဲ့
ဆရာများပြောတဲ့
သမိုင်းဆိုတာ တစ်ပတ်လည်တာလားဗျာ ....
မှတ်မှတ်ယယ ကွယ်လွန်လေသူ ဖခင်ကြီးသို့
၂၅.၂.၂၀၁၅ ရက်နေ့၊ ဗုဒ္ဓဟူးနေ့
လားရှိုးမြို့
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ယာယီတာဝရမ်း Temporary Injunction တရားမကျင့်ထုံး ဥပဒေ အမိန့် ၃၉ ယာယီတားဝရမ်းအား တရားမကြီးမှုတွင် လျှောက်ထားလာပါက ထိုအမှုတွင်သာ ဆောင်ရ...
No comments:
Post a Comment