တစ်ချိန်က
ဒီလိုဘဲ လူတစ်ယောက်ရဲ့ဘဝဆိုတာ
ရေးထားတဲ့စာအုပ်များထဲက စာမျက်နှာများလိုဘဲတဲ့
ကျွန်တော်က
လက်တွေ့မဆန်တဲ့
အတွေးအခေါ်ဆိုပြီး
တောင်ငူကန်တင်းရဲ့ မနော် ဆိုင်မှာ
ရေနွေးခရား ၅ အိုးလောက်ကုန်အောင်
ငြင်းခုံခဲ့ဘူးတယ် ....
၁၉၈၀ ကုန် ၁၉၉၀ ဆယ်စုနှစ်ဝက်အထိ
ကျွန်တော်လေ
အဲဒီစကားပြောတဲ့သူတွေကို
အမြင်မကြည်ခဲ့ဘူးလေ .....
ကျောင်းပြီးတော့
ရှေ့နေလောက
ကုမ္ပဏီလောက
အမျိုးမျိုးနဲ့
နောက်ဆုံးတော့
တရားသူကြီးလောကမှာ
ငါဟာ ဒီနေ့ထိ
ကျင်လည်နေတုန်းပါ .....
လေကုန်ခဲ့တဲ့ သူငယ်ချင်းတွေက
ယာဉ်ပိုင်လုပ်နေတဲ့သူ
ဆားသူကြီးလုပ်နေတဲ့သူ
အပြင်ရှေ့နေ၊ အစိုးရရှေ့နေ
ကိုယ်ပိုင်စတိုးဆိုင်နဲ့
အမျိုးမျိုးကို
မြင်လာမိတယ် .........
ကျွန်တော်တို့
တကယ်ဘဲ
ရေးထားတဲ့စာအုပ်များထဲက
ဘဝတွေကို
ဖြတ်သန်းနေသလို
တစ်ဖြည်းဖြည်းနဲ့
ရင်ထဲကို ဝင်လာသလို ခံစားလာမိတယ် ........
ပြောတဲ့သူ တစ်ယောက်ကတော့
လောကထဲကနေ
အရက်မသောက်
ဆေးမစား မသောက်ဘဲ
အသည်းခြောက်နဲ့
မိသားစုကို ကျောခိုင်းသွားတယ် ..........
ငါဟာ
ရေးထားတဲ့စာအုပ်ထဲက
စာမျက်နှာတွေလိုဘဲ
ဆက်လျှောက်နေရဦးမယ် ......
အားလုံးလဲ
ဒီလိုပါဘဲလေ ......
စာအုပ်များရဲ့စာမျက်နှာလို ရေးထားတဲ့ ကျွန်တော်တို့ရဲ့ဘဝ ပါဘဲ
၂၂.၉.၂၀၁၄
လားရှိုးမြို့
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ယာယီတာဝရမ်း Temporary Injunction တရားမကျင့်ထုံး ဥပဒေ အမိန့် ၃၉ ယာယီတားဝရမ်းအား တရားမကြီးမှုတွင် လျှောက်ထားလာပါက ထိုအမှုတွင်သာ ဆောင်ရ...
No comments:
Post a Comment