တစ်ချိန်က
ကျွန်တော် အညာအထက်မှာ
တာဝန်ထမ်းဆောင်နေတုန်းက
လူကြည့်တော့
ရိုးသားတဲ့ပုံနဲ့ ခပ်နွဲ့နွဲ့ချာတိတ်တစ်ယောက်
တရားရေးအဆင့်- ၄ အောင်လို့
လာမိတ်ဆက်တယ် .....
သူသင်တန်းတက်ဖို့
အစစ ဆရာအစ်ကိုလိုခင်တဲ့
လှိုင်သာယာမနတကို အကူအညီတောင်းပြီး
အစစ ငွေကြေးကစတဲ့
အကူအညီတွေကို ပေးဖို့
တတ်နိုင်သမျှ နှုတ်နဲ့စောင့်ရှောက်ခဲ့တယ် .....
မြန်မာပြည်မြောက်ဖျား မြို့တော်မှ
သူတာဝန်ကျတော့
ကျွန်တော် တော်တော်လေးဝမ်းသာခဲ့တယ် ...
ဘာလို့လဲဆိုတော့
သူ့မိသားစုကို အတွင်းကျကျသိလို့
ကျေးဇူးသိတတ်တဲ့ သားကြီးတစ်ယောက်ဖြစ်မှာပါလို့
စိတ်ထဲက ထင်နေလို့ .....
ကျွန်တော် ချင်းတောင်တန်းဆီ
ပြောင်းရခါနီး လာလည်တယ် .....
ဈေးကြီးတဲ့ ပစ္စည်းတွေကို သုံးပြီး ဝတ်ပြီးပေါ့
စိတ်ထဲမှာ ကသိကအောင့်ဖြစ်တာနဲ့
ကျွန်တော့်အကျင့်အတိုင်း
မနေမထိုင်တတ် ပြောမိတယ် ....
မင်းဘဝနဲ့ မင်းဝင်ငွေနဲ့ မင်းရာထူးနဲ့
လိုက်အောင်နေလို့
မျက်နှာတွေ ရဲပြီး နောက်ပိုင်း
ဖုန်းမဆက် မလာတော့ဘူး။
ကျွန်တော် ပြောင်းလေရာမှာ
သူနဲ့ပတ်သတ်ပြီး
ကောင်းသတင်းမကြားရဘဲ
အဆိုးသတင်းတွေ၊ အကြွေးသတင်းတွေ
ငွေချေးသွားတဲ့သတင်းတွေ
အရမ်းအသုံးကြီးတဲ့သတင်းတွေ
ဒါတွေက ပဲ့တင်ရိုက်လာတယ်။
တစ်နေ့က
သူ့ကိုသိတဲ့ ကျွန်တော့်ရဲ့ အဲဒီမြို့က စာရေးလေး
ဖုန်းဆက်လာတယ် ....
သူ Dismiss ဖြစ်သွားတယ်တဲ့
အမှုတွေနဲ့ တိမ်းနေတယ်တဲ့ ....
ကျွန်တော် သူ့အတွက် အကူအညီတောင်းခဲ့တဲ့ ဆရာများကို
မျက်စိထဲမှာ မြင်ယောင်လာတယ်။
ကျွန်တော် လူကြည့်မှားသွားတယ် ......
ဘဝဆိုတာကို
နေတတ် ထိုင်တတ်မှ ........
ရောက်နေတဲ့ နေရာကို သိနေမှ .......
မိသားစုကို အမှန်အတိုင်း သိတတ်မှ .....
လူဆိုတာ .....
လောကကြီးမှာ လူရယ်လို့ ရပ်တည်နိုင်မှာပါ ....
ကျွန်တော်လေ
နောက်ဆုံးတော့
အလွှဲဇယားတစ်ခုကို ရေးဆွဲမိပါလား .........
လားရှိုးမြို့
၂၀.၉.၂၀၁၄
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ယာယီတာဝရမ်း Temporary Injunction တရားမကျင့်ထုံး ဥပဒေ အမိန့် ၃၉ ယာယီတားဝရမ်းအား တရားမကြီးမှုတွင် လျှောက်ထားလာပါက ထိုအမှုတွင်သာ ဆောင်ရ...
No comments:
Post a Comment