တကယ်လို့များ
စာအုပ်တွေဟာ
စာအုပ်စင်မှာ
အသစ်အတိုင်းရှိနေမယ်ဆိုရင်
စာအုပ်ထဲက
တန်ဖိုးတွေဟာ
သုညပါဘဲ ......
တကယ်လို့များ
တန်ဖိုးကြီးစာအုပ်တွေ
နာမည်ကြီးတွေရေးထားတဲ့ ကျမ်းကောင်းတွေ
ကိုးကားထားတဲ့ သားရေဖုံးနဲ့ စာအုပ်လှလှတွေ
နိုင်ငံခြားဘာသာစကားနဲ့ ရေးထားတဲ့ စာအုပ်အလေးကြီးတွေ
အဘိဓါန်စာအုပ်အမျိုးမျိုးတွေ
ကိုင်တွယ်ပြီး အလှချထားတဲ့အခါ
လူမြင်ကောင်းအောင် ပြထားတဲ့အခါ
တန်ဖိုးတွေဟာ
သုညပါဘဲ ....
စကားကြီး စကားကျယ်နဲ
ဘယ်လောက်တတ်တယ်ပြောပါစေ ....
စာအုပ်တွေ ခေါက်ရိုးမကျိုးတဲ့
အလှထားတတ်တဲ့
လူလေးစားအောင် ပြထားတတ်တဲ့
ဒီလိုမျိုးကို မြင်ရတဲ့အခါ
ကျွန်တော် အဲဒီစာအုပ်တွေကို
အားနာလာပါတယ် .....
ကျွန်တော်ဟာ
လမ်းဆုံပေါင်းများစွာ ဖြတ်သန်းခဲ့သလို
လူပေါင်းများစွာ တွေ့ဆုံခဲ့သလို
စာအုပ်ပေါင်းများစွာကို
ဒီနေ့ထိ တပ်မက်မှုများနဲ့
လိုချင် ဝာယ်ချင် နေတုန်းဘဲ ....
ဒါပေမဲ့
စာမဖတ်တဲ့ လူတွေရဲ့လက်ထဲက
စာအုပ်တွေကို မြင်ရတဲ့အခါ ...
ရင်ထဲမှာ
စာဖတ်စေချင်တဲ့ ဝေဒနာတစ်ခုဖြစ်ဖြစ်
နေတတ်ပါတယ် ..........
လားရှိုးမြို့
၁၄.၈.၂၀၁၄
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ပြစ်ချက်ဟောင်း တွဲ၍စွဲဆိုလျှင် (ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၇၅) ပြစ်ချက်ဟောင်းတွဲရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၁ နှင့်အညီ တရားရံ...
No comments:
Post a Comment